သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ ရပ်ကွက် ကျေးရွာများအလိုက် အလှည့်ကျ စစ်ဆေးပေးလျက်ရှိ
Sep 14,2021
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ RTD ဖြင့် စစ်ဆေး ပေးခြင်းများကို စက်တင်ဘာ ၉ ရက်နေ့မှ စတင်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများအလိုက် အလှည့်ကျ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ သရက်မြို့ အနောက်ရပ်မြောက်ပိုင်းရပ်ကွက်အတွင်းမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ အခမဲ့စစ်ဆေး ပေးခဲ့ရာ စစ်ဆေးခံသူ (၄၇) ဦးတွင် (၅) ဦး၌ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။