သာယာဝတီမြို့သို့ Oxygen Plant စက်အသစ် ရောက်ရှိ
Sep 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသနေသော ကိုဗစ်လူနာများနှင့် မြို့နယ်အတွင်း အောက်ဆီဂျင်အသုံးပြုနေရသူများ၊ အောက်ဆီဂျင် လိုအပ်မှုအား အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာရရှိ အသုံးပြုနိုင်ရန်အတွက် သာယာဝတီခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု၊ စေတနာအလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် အောက်စီဂျင် ထုတ်စက်သည် ယမန်နေ့နေ့လယ်ပိုင်းတွင် သာယာဝတီမြို့ သတ္တဌာနမြို့ဦးကျောင်းတိုက်၌ တည်ဆောက်ထားသော အောက်ဆီဂျင်စက်ရုံသို့ ရောက်ရှိပြီး တပ်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။