မိတ္ထီလာမြို့နယ် ဒဟတ္တန်းကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်းနှင့် ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မိတ္ထီလာ  စက်တင်ဘာ ၁၄

  မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဒဟတ္တန်းကျေးရွာတွင်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မူလငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၈ သန်းကျော်ဖြင့် စက်ရေ တွင်းတူးဖော်ခြင်းလုပ်ငန်း၊ ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ကွက်ငယ်အုပ်စု ဒဟတ္တန်းကျေးရွာတွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ မူလငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၈.၀၈သန်း ဖြင့် အကျယ် ၄ လက်မ အနက် ပေ ၄၀၀ရှိ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊  ဂါလံ ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်းလုပ်ငန်းနှင့် အကျယ်  ၅ ပေ ပတ်လည် ၊ အမြင့် ၇ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို  တင်ဒါအောင်မြင် သည့် Four G Co;Ltd မှ မေလ ၁၁ ရက်နေ့က စတင်၍ ဆောင်ရွက်လျက်ရှိရာ ယခုဆိုလျှင် ၎င်း ကျေးလက်ရေရှိရေး လုပ်ငန်းများမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါကျေးလက်ရေရရှိရေး လုပ်ငန်းများ ပြီးစီး ပြီဖြစ်၍ ကျေးရွာအတွင်းရှိ အိမ်ထောင်စု ၇၅၀ကျော် ၊ လူဦးရေ ၅၀၀၀ ကျော်တို့၏ သောက်သုံးရေအတွက် ရာသီမရွေး အသုံးပြုနိုင် တော့မည်ဖြစ်ကြောင်း ဒဟတ္တန်းကျေးရွာမှ ကျေးလက်ရေရရှိရေး လုပ်ငန်း ကော်မတီအဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေအဆင်ပြေစေရန် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နှစ်စဉ် ဘဏ္ဍာနှစ်အလိုက် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ပေးလျက်ရှိရာမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ မူလငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၁၅.၉၈သန်း ဖြင့် စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်း၊ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေစက်ရုံတည်ဆောက် ခြင်းလုပ်ငန်း၊ အင်ဂျင်ပန့် တပ်ဆင်ခြင်း၊ ကျေးရွာတွင်း ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းနှင့် ၄၀၀ ဗို့(စ်) ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများကို အိုးအိုင်ကုန်း၊ လျှော်ဖြူပင်၊ ဂဠုံကုန်း၊ သဖန်းပင်ရိုး၊ ဒဟတ္တန်း၊ ကန်ကြီးကုန်းကျေးရွာနှင့် သဘွတ်ကုန်းကျေးရွာများတွင်   တင်ဒါအောင်မြင်သည့် Four G Co;Ltd ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)