မိုးညှင်း စက်တင်ဘာ ၁၄
နဝမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်ရှိ သာသနာ့ဇောတိက ဘုန်းကြီးကျောင်း၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို စက်တင်ဘာ(၁၂)ရက်နေ့ နံနက်(၉)နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်ရာတွင် အမှတ်(၃) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် (မိုးညှင်း)မှ ရဲအုပ်တင့်လွင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်၊ သာသနာ့ဇောတိက ဘုန်းကြီးကျောင်းဝင်း အတွင်းအပြင်ရှိ သစ်ပင်ချုံနွယ်များနှင့် မြက်ပေါင်းပင်များကို ခုတ်ထွင်ရှင်းလင်းပြီး နံနက်(၁၁)နာရီတွင် ကျောင်းထိုင်ဆရာတော်နှင့် ရှင်သာမနေများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့အပြင် စက်တင်ဘာလ (၈)ရက်နေ့တွင်လည်း မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းရှေ့ မီးပွိုင့်လမ်းဆုံနေရာ၌ ၂၀၂၁ ခုနှစ်၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့၏ ရည်ရွယ်ချက်(၄)ချက်၊ တားဆီး၊ ကယ်တင်၊ ကူညီရေး လူကုန်ကူးခံရသူ အသံနားထောင်ပေး ဆောင်ပုဒ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး Logo အမှတ်တံဆိပ်ပါ အသိပညာပေး Billboard အသစ်အား လဲလှယ်စိုက်ထူခြင်းနှင့် လူကုန်ကူးမှုခံရပါက ဆက်သွယ်အကြောင်းကြားနိုင်မည့် ဖုန်နံပါတ်လိပ်စာများစသည့် အကြောင်းအရာများ ပါဝင်သည့် ဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်