ဘုတ်ပြင်း စက်တင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး ၊ကော့သောင်းခရိုင် ၊ဘုတ်ပြင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့သူလျော့ကျသွားစေရး အသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်း များသည် ယမန်နေ့ညပိုင်းက အသံချဲ့စက်ဖြင့် အသိပေး ကြေညာခဲ့သည်။
အဆိုပါအသိပေးကြေညာချက်များတွင်ဘုတ်ပြင်းမြို့နယ်အား Stay at Home သတ်မှတ်ထား သည့်အတွက်ဈေးဝယ်ခြင်း နှင့်ကျန်းမာရေးကိစ္စမှအပအကြေင်းကိစ္စမရှိပါကနေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်းမပြုလုပ်ရန်၊အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်း(Mask)ကို စနစ်တ ကျ တပ်ဆင်ထားပါ၊လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာအကာ(Face Shield)ကို တွဲဖက် တပ်ဆင်ပါ၊တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်လုပ်ကိုင်ပါ၊ လူစုလူဝေးရှောင်ပါ၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြောပါ၊အိမ်အပြင်သို့ ထွက်လေ့ရှိသူများ အနေဖြင့် အိမ်ရှိ အသက်(၆၀)နှင့် အထက် အသက်အရွယ်ကြီးရင့်သူ ၊ ဆီးချို/သွေးတိုး/ နှလုံး စသည့် နာတာရှည် ရောဂါအခံရှိသူများနှင့် အနီးကပ် နေထိုင်ခြင်း ၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၊ပါးစပ်နှင့်နှာခေါင်း(Mask) မတပ်ဆင်ထားသော ဈေးရောင်းသူများ ထံမှ ဈေးမဝယ်ပါနှင့် ၊တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိပေး ၊ သတိပေးပါ၊ ကာကွယ်ဆေးထိုးနှံပြီး သော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာပါ ၊မဖြစ်မနေ ဈေးဝယ်ထွက်ရန် အတွက် တစ်အိမ်လျှင် (၁)ဦးသာ သွားရောက်ရန် စသည့် အသိပေးကြေညာချက်များအား ပြည်သူများအနေဖြစ်ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ချက်များ ပါရှိကြောင်းသိရသည်။
သတင်းရေးသားပေးပို့သူ - မြို့နယ်(ပြန်/ဆက်)