ဗိုလ်တထောင် စက်တင်ဘာ ၁၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ပန်းခင်းစီမံချက်နှင့် စာရင်းကောက်ပုံစံများ ရှင်းလင်းခြင်းကို ယနေ့နေ့လယ် (၁:၀၀)နာရီအချိန်တွင် အမှတ်(၁)ရပ်ကွက် ရေနံဓမ္မာရုံ၌ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဗိုလ်တထောင်မြို့နယ် ဦးစီးမှူး ဦးအောင်တင်ရွှေက အသိပေး ရှင်းလင်းမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ရှင်းလင်းခြင်းကို မြို့နယ်ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၁)မှ အမှတ်(၄)ထိ၊ ရပ်ကွက်(၄)ခုမှ ပြည်သူ(၂)ဦးနှုန်းဖြင့် လမ်းတာဝန်ခံနှင့် အကွက်ကိုယ်စားလှယ်များ၊ စုစုပေါင်း(၄၀)ဦးကို ဖိတ်ကြားထားပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက် များနှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သိန်းသိန်း(ပြန်/ဆက်)