ဇီးကုန်း စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တတိယလှိုင်းတွင် ရောဂါကာကွယ် ကုသရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်း အနားကို ယမန်နေ့ နေ့လယ် ၃ နာရီက ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်က ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စေတနာ့ဝန်ထမ်း များမှ ရောဂါကာကွယ် ကုသရေးလုပ်ငန်း များတွင် စည်းစည်းလုံးလုံးဖြင့် ပါဝင်ကူညီဆောင်ရွက်နေမှုအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး အာကာဖြိုးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းတို့က မြို့နယ်ကြက်ခြေနီအသင်းနှင့် မေတ္တာရှင် နာရေး ကူညီမှုအသင်းတို့မှ စေတနာ့ဝန်ထမ်း စုစုပေါင်း(၅၂)ဦးအား ထောက်ပံ့ငွေနှင့် မော်တော်ယာဉ်စက်သုံးဆီဖိုးငွေများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ