မိုးမောက်မြို့တွင် စည်ပင်သာယာပိုင် မြို့မစျေး စတင်ပြန်လည်ဖွင့်လှစ်

 

မိုးမောက်     စက်တင်ဘာ     ၁၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ မြို့နယ်စည်ပင် သာယာပိုင်မြို့မစျေးကို ယမန်နေ့မှစတင်၍ နံနက် ၆ နာရီမှ နေ့လည်၁၂နာရီအထိ  ပြန်လည်ဖွင့်လှစ်၍ စျေးသည်များအား ရောင်းချခွင့်ပြုခဲ့ ကြောင်းသိရသည်။

မြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို လျှော့ချနိုင်ရေးအတွက် စည်ပင် သာယာပိုင် မြို့မစျေးကို ဇူလိုင်လ ၅ ရက်မှ စက်တင်ဘာလ ၁၂ ရက်အထိ ပိတ်ထားခဲ့ပြီး ယခုအခါ အများပြည်သူများ စားဝတ်နေရေး အဆင်ပြေစွာရောင်းချနိုင်ရေးအတွက် မြို့မစျေးကို ကိုဗစ်−၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ စျေးသည်များအားပါးစပ် နှင့်  နှာခေါင်းစည်း (Mask) တပ်ဆင်စေခြင်း ၊ ၆ပေခြား၍ရောင်းချစေခြင်း ၊ စျေးဝယ်သူများ ကို လည်းပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်မှသာ စျေးအတွင်းသို့ဝင်ရောက်စေခြင်းနှင့် စျေးအတွင်း ဝင်ရောက်ပါက နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးမှသာ ဝင်ရောက်ရန် Hand Speaker ဖြင့်စျေးတာဝန်ခံမှ အသိပေးကြေညာ ပေးခြင်းများဆောင်ရွက်လျက်ရှိသည်။

အဆိုပါ မြို့မစျေးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်  ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ စျေးအဝင်/အထွက်နေ ရာများတွင် လက်ဆေးဘေစင်များ ဆောင် ရွက်ထားပေးခြင်း၊ Hand Gel ဗူးများထားရှိပေးခြင်း စျေးအတွင်းစျေးသည်၊ စျေးဝယ်များအား ခြောက်ပေခြား၍  ဝယ်ယူရောင်းချနိုင်ရေး ဆောင်ရွက်ပေးခြင်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးသန်းဝင်း နှင့်ဝန်ထမ်းများ ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထိုက် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ မြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သဲစုမိုး (ပြန်/ဆက်)