ရန်ကင်း စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်နေပြည်သူများအား “ပန်းခင်း” စီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ် ၃ နာရီအချိန်က မိုးကောင်း ဘုရားဝင်းအတွင်းရှိ သာသနာ့ဗိမာန်တော်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းမောင်က ပန်းခင်းစီမံချက်ဖြင့် (၁၅-၉-၂၀၂၁)နေ့တွင် ကွင်းဆင်း၍ တိုင်ရင်းသား/ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး စာရင်းဇယား က၊ ခ၊ ခ-၁ ၊ ဂ၊ ဂ-၁၊ ဃ၊ ဃ-၁ တို့ ကောက်ယူနည်းစနစ်များအား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်ကျော်မှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကွင်းဆင်း ဆောင်ရွက်ရာတွင် လိုအပ်သည်များနှင့် လုံခြုံရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တက်ရောက်လာသော ရပ်ကွက်စီမံအုပ်ရေးဥက္ကဋ္ဌများ၊ ရပ်ကွက်စာရေးများအား၊ ရန်ကင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တိုက်နယ်မှူးများနှင့် မိတ်ဆက်ပြီး လိုအပ်ချက်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှလှထွေး