သာယာဝတီမြို့တွင် ပန်းခင်းစီမံချက် အသိပညာပေးမြေစိုက် ပိုစတာစိုက်ထူ
Sep 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပြည်သူအားလုံး အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဥပဒေအရ ကိုင်ဆောင်သင့် သော ကတ်တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေး "ပန်းခင်း" စီမံချက် အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယနေ့ နံနက် ၁၀ နာရီက သာယာဝတီမြို့နယ် ရန်ကုန်-ပြည်ကားလမ်းဘေးရှိ မြန်မာ့ စီးပွားရေးဘဏ်ရှေ့နှင့် ခရိုင်ပြည်သူ့ဆေးရုံကြီး ထောင့်လမ်းဆုံ၌ စိုက်ထူခဲ့ကြသည်။