ကမ္ဘာ့ရှားပါးကြယ်လိပ် ၈၂ကောင်မှသည် ကြယ်လိပ်ကောင်ရေ တစ်သောင်းပြည့်သွားသည့် သောင်းပြည့်နှစ် လောက နန္ဒာဘေးမဲ့တောဥယျာဉ်

 

ညောင်ဦး စက်တင်ဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ရှိ သစ်တောဦးစီးဌာန၊ လောကနန္ဒာဘေးမဲ့ တောဥယျာဉ်တွင် မြန်မာ့ ကြယ်လိပ်များအား ခြံ လှောင်မွေး မြူ ထား ပါသည်။ ရည်ရွယ်ချက်မှာ မြန်မာတစ်နိုင်ငံတည်း မှာသာ ရှိသည့် ဌာနေဖွား မျိုးစိတ်ဖြစ် ပြီး နေရင်း ဒေသများတွင် မျိုးသုဉ်းရန် အလွန် နီးကပ်နေသော အခြေအနေတွင် ရှိခြင်း တို့ ကြောင့်မျိုး ဆက် မပျက်သုဉ်း စေရေးအတွက်မွေးမြူ၍ ပေါက်ဖွါးလာစေရန်၊ တိုးပွါးလာသော သားပေါက်များ ကို ၎င်း တို့ ၏ နေရင်း ဒေသများသို့စေလွှတ် ပေးရန်၊ ဝါသနာရှင်များ၊ ပညာရှင်များ သုသေသနပြုလုပ်နိုင်ရန် နှင့်အများပြည်သူအနီး ကပ်ကြည့်ရှု လေ့လာနိုင်ရန်တို့ အတွက်ဖြစ် ကြောင်း သိရှိရသည်။

မျိုးဆက်မပျက်သုဉ်းစေရေးအတွက်မွေးမြူ ပေါက်ဖွါးလာ စေ ရန်ဆို သည့်ရည်ရွယ် ချက်ကို အကောင်အထည်ဖော် သည့်အနေဖြင့် လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ကြယ်လိပ် အထီး (၄၂) ကောင်၊အမ(၄၀)ကောင်၊ စုစုပေါင်း(၈၂) ကောင် ကို ၂၀၀၁ ခုနှစ် တွင် စတင်မွေးမြူခဲ့ ကြောင်း၊ စတင် မွေးမြူ စဉ် က ခုဂဏန်း၊ ဆယ်ဂဏန်းမျှသာ ပေါက်ဖွါးနှုန်း ရှိခဲ့သော်လည်း လွန်ခဲ့သော(၁၀)နှစ်မှစ၍ ရာဂဏန်း ထောင် ဂဏန်းအထိတိုး၍ ပေါက်ဖွါးလာခဲ့ကြောင်း၊ယခု  နှစ်(၂၀) အကြာ ၂၀၂၁ ခုနှစ် တွင်လည်း ကြယ်လိပ်ငယ်(၁၃၅၀)ကောင် ထပ်မံပေါက်ပွါးလာခဲ့ရာ ယခင်ရှိပြီးအကောင်(၇၄၈၄) ကောင်နှင့်ဆိုပါကယခုအခါ  လက်ရှိတွင်အရွယ်စုံကြယ်လိပ် (၈၈၃၄) ကောင်ရှိပြီး၊ ရည် ရွယ်ချက်အတိုင်းနေရင်းဒေသ သို့စေလွှတ် ပေးခဲ့သည့်ကြယ်လိပ် (၁၆၅၀)ကောင်နှင့်ဆိုပါက၊ စုစုပေါင်းအရွယ်စုံကြယ်လိပ်(၁၀၄၈၄)ကောင်ရှိလာ ပြီဖြစ် ကြောင်း၊ အကောင်ရေ တစ်သောင်းကျော်သွားပြီဖြစ် သည့်  အတွက် ယခု ၂၀၂၁ ခုနှစ်ကို လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ်ကြယ်လိပ်ခြံ၏ သောင်းပြည့်နှစ် လို့လည်းခေါ်ဆိုနိုင်ကြောင်း လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်၊ အုပ်ချုပ်ရေးမှူး၊ ဦးရွှေဌေးအောင်ကပြောပါသည်။

ဒီလိုတိုးလာခဲ့ခြင်းဟာလည်း ယခင်နှစ်များကအတွေ့အကြုံကို အခြေခံ၍ နည်းစနစ်လေး တွေပြောင်း လဲပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ် ကြောင်း ၊လုပ်ရင်းသင်၊ သင်ရင်းလုပ်ခဲ့ကြ၍ လည်းဖြစ် ကြောင်း၊  ဥယျာဉ်အုပ်ချုပ်ရေးမှူး၏ အနီးကပ်ကြီး ကြပ်ညွှန်ကြားပြသမှု၊ WCS/TSA မှ တိ-ကု ဆရာ ဝန် ဒေါက်တာတင့်လွင်၏ ဆေးပညာနှင့် ကုသခြင်း ဆိုင်ရာကျွမ်းကျင်မှု၊ အနီးကပ်ထိန်း သိမ်းစောင့် ရှောက် သူ ဝန်ထမ်းများ၏ တာဝန်ကျေပွန်မှုများကြောင့် ကြယ် လိပ် များမှာ အဟာရရှိသော အစာများကို  စားသုံးနိုင်ကြပြီး၊ အရွယ်ရောက်အထီး၊အမများမှာ ကျန်းမာရေး ကောင်းမွန်ကြကာ၊ ဥဥနှုန်းမှာလည်း မြင့်တက်လာခဲ့ပြီး၊ ယခုကဲ့သို့ ကောင်ရေပေါက်ဖွါးခဲ့ခြင်း ဖြစ်ကြောင်း၊ ပေါက်ဖွါးနှုန်းမှာ ၆၈% အထိ တော့  စံချိန် တင်ထားပါကြောင်း ဖြင့် အုပ်ချုပ် ရေးမှူး၊ ဦးရွှေဌေး အောင်က  ဆက်၍ ရှင်းပြပါသည်။

ကျွန်တော်တို့အနေနဲ့ကြယ်လိပ်များကို ဥမဥမီကာလမှစ၍ အဟာရရှိသောအစားအစာ များ ကျွေးမွေးခြင်း၊ ကျန်းမာရေးဂရုစိုက် စောင့်ရှောက်ခြင်း များကြောင့်ဥဥနှုန်းတိုးတက်ခဲ့ ပါကြောင်း၊ ဆက် လက်ပြီးလိပ်မများ ဥထားသော ဥကျင်းများကိုလည်း သားပေါက်ချိန် မတိုင်မီ အထိ၊ ဂရုစိုက် စောင့် ရှောက်ခဲ့ရပြီး၊ပေါက်ဖွါး ရာသီတွင်လည်း သတ်မှတ်ချိန်ရောက်၍ ဥကျင်း အတွင်းမှထွက်လာခြင်းမရှိပါက ဥကျင်းများကိုတူးဖော်ပေး၍ ကျင်းအတွင်းပေါက်နေပြီး ဖြစ်သော လိပ်ပေါက်များကို စုဆောင်း ၍အသင့်ပြင်ထားသော နေရာတွင်ထားရှိခြင်း၊ မပေါက်သေး သော ဥကောင်း များကို မြေထည့်ထား သော သေတ္တာ တွင်ပြန်လည်မြှုပ်နှံပေးခြင်း၊ ချက်မကြွေ သေးသော သားပေါက်များကို ဆေးထည့် ပေးခြင်း၊လိပ်သားပေါက်ငယ်များကို ဗီတာမင်ပါသော အစားအစာများ ကျွေးမွေးပေးခြင်း၊ နေ့စဉ်အ စာကျွေးချိန်တွင် ကျန်းမာရေးစစ်ဆေးခြင်း၊ ကျန်းမာရေးမကောင်း ပါက သီးသန့်ခွဲထား၍ ဆေးထိုး ကုသပေးခြင်း၊ သဘာဝဓါတ်စာများ ကျွေးခြင်း၊ဝမ်းချူပေးခြင်းအစာမစားနိုင်ပါက ခွံ့ကျွေးခြင်း၊ အရည် ဖျော်တိုက်ခြင်း၊ သားပေါက် များကို နေ့စဉ် ရေစိမ်ရေတိုက်ပေးခြင်း ၊ အပူ ချိန်မြင့်မားသော အခါများ တွင် လည်း ရေစိမ်ကန်များ၊သောက် ရေခွက်များ ပြုလုပ်ပေး၍ သန့်ရှင်း သောရေရှိစေရန် အမြဲပြု လုပ် ပေးထားခြင်း၊ရေစိမ်ရက်များသော လိပ်များအား မှတ်သားထား၍သီး သန့်ရေဝအောင် ချိုး ပေး ခြင်းများကြောင့်ပေါက်ဖွါး နှုန်းကောင်းပြီး၊ သေနှုန်းနည်းလာ သောကြောင့် အကောင်အရေအ တွက် မှာ တိုးတက်ခဲ့ခြင်းဖြစ်ကြောင်းဦးရွှေဌေးအောင်မှရှင်းပြပါသည်။ 

သဘာဝတောများထဲတွင်ထိုသို့လူတို့၏ပြုစုစောင့်ရှောက်မှုကိုမခံရနိုင်ဘဲ၊ဥ ဥချိန်မှာ ဥများ ကို ဖွတ်၊ တောကြောင်၊ မြွေပါ စသည့်အနံ့ခံကောင်းသည့်သတ္တဝါ တို့မှဖော်ယူစားနိုင်ခြင်း၊ သဘာဝဘေး အန္တရာယ်ကြောင့်မြေများ ပြိုကျပြီး၊ ဥကျင်းများပေါ်သို့ဖုံးအုပ်သွားနိုင်ခြင်း (သို့မဟုတ်) ဥကျင်းများမြေ ပြိုသည့်အထဲတွင်ပါဝင်သွားနိုင်သည့်အတွက် အချိန် မတိုင်မီ ဥများပျက်စီးကြရခြင်း၊ သစ်မြစ်များထိုး ၍လည်းဥကျင်းများပျက်စီးနိုင်ပြီး၊ ကျင်းအတွင်း အကောင်ပေါက် နေသော်လည်းသစ်မြစ်များက ကျင်း အပေါ်ယံမှယှက်သွားနေခြင်းကြောင့် မြေပေါ်သို့ မထွက်နိုင်ကြတော့ဘဲ၊ ပုရွက် ဆိတ်၊ ခြများနှင့်အခြား ပိုးမွှားများက တွင်းထဲဝင်၍ ကိုက်ဖြတ်စားသောက်ခံရခြင်း စသည့်ဆိုးကျိုးများ ကိုဖြတ် သန်း လွတ် မြောက်လာကြကာ ၂၀% မှ ၃၀% အထိ သော သားပေါက်ငယ်များသာရှင်သန်၍ ကျင်းအတွင်း မှ မြေပေါ်သို့ ရောက်ရှိလာနိုင်ကြမည်ဟုခန့်မှန်းရပါကြောင်း၊ မြေပေါ်ရောက်ရှိလာသည့် အခါ တွင်မှာ လည်း မြွေ၊ကြွက်၊ သိမ်း၊ဖွတ် နှင့်အခြားအသားစားသတ္တဝါတို့၏ကိုက်ဖြတ်စား သောက်မှု ကိုခံရ နိုင်ခြင်း၊ထိုအခြေအနေမှလွတ် မြောက် လာခဲ့ပြီး အရွယ်ရောက်လာသောအခါတွင်လည်း တော ဝက်၊  တောခွေး စသည့် သားစား သတ္တဝါများ၏ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း ကိုခံရပြန် ခြင်း၊ လူ့ပ ယောဂ များနှင့်ဂေဟစနစ်များပျက်စီးလာခြင်းအပြင် အခြားပျက်စီးစေနိုင်သော အကြောင်း အမျိုးမျိုး လည်း ရှိနိုင်သောကြောင့် သဘာဝတောများထဲတွင်မြန်မာ့ကြယ်လိပ်များ မျိုးသုဉ်းပျောက် ကွယ် လုနီး ပါး ဖြစ်ခဲ့ရခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးမှူး၊ဦးရွှေဌေးအောင်မှ သုံးသပ်ပြပါသည်။   ဒီနှစ်ဟာထူးခြားတဲ့ နှစ်လို့ဘဲပြောရမှာ ဖြစ်ကြောင်းဘာဖြစ်လို့လဲဆိုတော့ လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ်မှာ ကြယ်လိပ်များ စတင် မွေးမြူခဲ့တဲ့ နှစ် (၂၀) အတောအတွင်းမှာ ကြယ်လိပ် ကောင် ရေတစ်သောင်းကျော် သွားတဲ့နှစ် ဖြစ်လို့ဖြစ်ကြောင်း၊ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်၏ ကြယ် လိပ် သောင်းပြည့်နှစ်အဖြစ်အမှတ်တရ အခမ်း အနားလေး တစ်ခုကို  ကျင်းပပြုလုပ် သွားမည် ဖြစ်ပြီး၊စိတ် ပါဝင်စားသူများကိုလည်း ဖိတ်ကြားသွားရန် စီစဉ်ထားခဲ့ သော်လည်း အကြောင်း အမျိုးမျိုး ကြောင့် မကျင်းပဖြစ်ခဲ့ကြောင်း၊ အခွင့်အခါသင့် သည့်အချိန်မှသာ ကျင်းပပြုလုပ်သွား ဖို့အတွက်ကိုလည်း ရည် ရွယ်ထားကြောင်း၊   (၂၀)နှစ် တာကာလအတွင်း ပေါက်နှုန်းကောင်းပြီးသေဆုံးနှုန်း နည်း သောကြောင့်   မြန် မာ့ ဌာနေဖွါး မျိုးစိတ် ဖြစ် သည့်မြန်မာ့ကြယ်လိပ်များသည်မြန်မာ့မြေပေါ်တွင် ထာဝရရှင်သန် နေထိုင် နိုင်ကြတော့မည် ဖြစ်ပြီး၊ နိုင်ငံ ဂုဏ်ကို လည်း ဆောင်နိုင်တော့မည်ဖြစ်ကြောင်း ဖြင့် ဦးရွှေဌေးအောင်မှ ၎င်း ဆောင်ရွက် ချက်အောင်မြင်မှု များကို ဂုဏ်ယူစွာပြောပြပါသည်။ 

သို့ဖြစ်ရာလောကနန္ဒာဘေးမဲ့တောဥယျာဉ်၊ကြယ်လိပ်မွေးမြူရေးခြံသည်ကမ္ဘာပေါ်တွင် ကြယ် လိပ်အကောင်ရေ အများဆုံးရှိသည့်ခြံတစ်ခြံအဖြစ်တည်ရှိနေပြီး၊ နှစ်စဉ်ကြယ် လိပ်ကောင်ရေ (၁၀၀၀)  ကျော် ပေါက်ဖွါးလျက်ရှိပြီး၊ လျာထားချက်ထက်ပင် ကျော်လွန် ပေါက်ဖွါး လျက်ရှိနေခြင်းကြောင့် ကြယ်လိပ် ထုတ်လုပ်သည့်စက်ရုံဟု တင်စားခေါ်ဝေါ်ခံ နေရသည့် အမည်နာမကိုလည်း ထပ်လောင်း အသိအမှတ် မပြုဘဲ မနေနိုင်လောက်အောင် စိတ်ထဲတွင်ဖြစ်ပေါ်ခံစားမိပါသည်။ ကြယ်လိပ်များကို (၁၅)နှစ်တိုင်တိုင် စနစ်တကျမွေးမြူထိန်းသိမ်းစောင့်ရှောက်၍သောင်းနှင့်ချီ ပြီးတိုးပွါးလာအောင် ဆောင်ရွက်ပေး ခဲ့ပြီး၊ ယခုထက်ပို၍များပြားသော ကြယ်လိပ်ခြံ ဖြစ်လာ အောင်  ဆက်လက်ကြိုးပမ်း ဆောင်ရွက်နေသော လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ် ၊ အုပ်ချုပ်ရေးမှူး၊ ဦးရွှေဌေးအောင်ကိုလည်း တာဝန်ကျေပွန်သော ကြယ်လိပ်ထုတ်လုပ်သည့် စက်ရုံမှူးကြီး အနေဖြင့်  ကြယ်လိပ်များကို ယခုထက်ပို၍ထုတ်လုပ်နိုင်ပါစေလို့ ဆန္ဒပြု ရင်း ‘’လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ်၊ ကြယ်လိပ်ခြံ၏ မြန်မာ့ကြယ်လိပ်သောင်းပြည့်နှစ်’’ကိုဂုဏ်ယူဖွယ်ရာဖော်ပြရေးသားလိုက်ရပါသည်။                                                                                                                                                   

 

ကိုထိန်၊KPD