ပေါင် စက်တင်ဘာ ၁၄
သထုံခရိုင်၊ ပေါင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာများ အသုံးပြုနိုင်ရန်အတွက် စေတနာရှင် ပြည်သူများမှ ယနေ့ နံနက်ပိုင်းက အလှူငွေများ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ် Isolation Ward များမှ ပိုးတွေ့လူနာများ ဆေးဝါးများ ဝယ်ယူရန်အတွက် ငွေကျပ် နှစ်သိန်း၊ အစားအသောက်ဝယ်ယူရန်အတွက် အလှူငွေ နှစ်သိန်းကျပ်၊ "ဘစိုး"ဆွမ်းလောင်းနှင့်နာရေးကူညီမှု အသင်းအတွက် တစ်သိန်းကျပ် စုစုပေါင်းငွေကျပ် ၅ သိန်းကို ဒေသခံဖြစ်ကြသည့် "လှဖူးငုံ " ဓာတ်ပုံတိုက် မိသားစုမှ သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)