သာယာဝတီ စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပြည်သူအားလုံး အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဥပဒေအရ ကိုင်ဆောင်သင့် သော ကတ်တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေး "ပန်းခင်း" စီမံချက် အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယနေ့ နံနက် ၁၀ နာရီက သာယာဝတီမြို့နယ် ရန်ကုန်-ပြည်ကားလမ်းဘေးရှိ မြန်မာ့ စီးပွားရေးဘဏ်ရှေ့နှင့် ခရိုင်ပြည်သူ့ဆေးရုံကြီး ထောင့်လမ်းဆုံ၌ စိုက်ထူခဲ့ကြသည်။
အဆိုပါ မြေစိုက်ပိုစတာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး အောင်စည်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူး ကြည်မျိုးလွင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန သာယာဝတီခရိုင်ဦးစီးမှူး ဦးလှမျိုးထွန်း၊ မြို့နယ်ဦးစီးမှူး ဦးစန်းထူးနှင့် ဝန်ထမ်း များက "လူမူဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့ "မြေစိုက်ပိုစတာအား စိုက်ထူခဲ့ကြကြောင်း သိရ သည်။
သန့်ဇော်