နွားထိုးကြီးမြို့နယ်တွင် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ

နွားထိုးကြီး စက်တင်ဘာ ၁၄

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအား ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မြို့မဇုံအတွင်းရှိ ရပ်ကွက်(၈) ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ သက်ကြီးရွယ်အိုများ (၁၀၈၆) ဦးကို စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ်အတွင်း၌ ဇုံနေရာ (၅) နေရာခွဲ၍ မြို့မ၊ ရွာကြီး၊ ဝက်လူး၊ ပြင်စည် နှင့် ကန်နားကျေးရွာခွဲများတွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ ဆေးထိုးကျန်ရှိနေသည့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲများ၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်းများ၊ စက်ရုံအလုပ်သမားများ၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်းများနှင့် ဈေးသူ၊ ဈေးသားများကို ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိရာ ယနေ့ညနေပိုင်းတွင် ကန်နား အုပ်စု၊ ပြင်စည်အုပ်စု၊ ဝက်လူးအုပ်စုတို့တွင် ထိုးနှံပေးမည်ဖြစ်သည်၊ လူဦးရေ (၁၀၈၆) ဦး ထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး ကျန်ရှိနေသည့် သက်ကြီးရွယ်အိုများကိုလည်း ဦးစားပေးအုပ်စုဇုံအလိုက် နေ့စဉ် ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်းသိရသည်။

သန်းအောင်ဇော်