အောင်လံမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

 

အောင်လံ စက်တင်ဘာ ၁၄

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်, အောင်လံမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ဈေးယျဝတီရပ်ကွက်ဓမ္မာရုံတွင်  ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

 

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။ အဆိုပါကွင်း ဆင်းဆောင်ရွက်မှုတွင် ဈေးယျဝတီရပ်ကွက်အတွင်းရှိ  အသက်(၁၀)နှစ်ပြည့်ပြီးသူ (၂၆)ဦး၊အသက်(၁၈)ပြည့်ပြီးသူ(၃၀)ဦးနှင့် ပျောက်ဆုံးမိတ္တူ(၁)ဦး၊ စုစုပေါင်း(၅၇)ဦးတို့အားပြုလုပ် ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

 

မျိုးသိန်း(ပြန်/ဆက်)