ကျိုက်ဒုံ စက်တင်ဘာ ၁၄
ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် စစ်ဆေးမှုများ ဆောင်ရွက်ရာမှာ မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် ဒေသအတွင်း ကူးစက်ပြန့်နှံ့မှု လျော့နည်းပြတ်တောက်နိုင်စေရေး၊ ပူးပေါင်းဆောင်ရွက်နိုင်စေရန်အတွက် မလိုအပ်ပဲ နေအိမ်ပြင ပသို့ ထွက်ခွာသွားလာခြင်း မပြုလုပ်ရန်၊ မဖြစ်မနေ အရေးအကြောင်းကိစ္စဖြင့် ပြင်ပသို့သွားလာ ရပါက ယာယီအပြင်ထွက်ခွင့်ကတ်ပြား ယူဆောင်သွားရန် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တက်တပ်ဆင်အသုံးပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနှင့် ညွှန်ကြားချက်များကို လိုက်နာမှု ရှိ၊ မရှိစစ်ဆေးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်ပေးလျက်ခဲ့ ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)