ကြံခင်းမြို့ရှိ ရွှေညောင်ပင်ဘုန်းကြီးကျောင်းတိုက်ဝန်း အတွင်းအပြင်အား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Sep 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် သံဃာနာယကဥက္ကဋ္ဌ ရွှေညောင်ပင် ဘုန်းကြီးကျောင်းတိုက်ဝန်း အတွင်းအပြင်ရှိ ပေါင်းမြက်များအား မိုးရာသီတွင်ဖြစ်ပွား တတ်သောရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန် ကျောင်းထိုင်ဆရာတော်ကြီးနှင့် သံဃာတော်များ၊ ကျောင်းသားများ ကျန်းမာစွာနေထိုင်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ယနေ့ နံနက်(၈)နာရီအချိန်က စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။