ငါန်းဇွန် စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေး အုပ်စုအလိုက် ဩဂုတ် (၃၀)ရက်နေ့မှစ၍ နေ့စဉ် နံနက်၉နာရီမှ ၁၁နာရီအချိန်အထိ မြို့နယ်အတွင်းရှိ ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးရာ ယမန် နေ့က မြို့မဇုံမှ (၃၅)ဦး၊ ခြင်္သေ့လက်ဇုံမှ (၇၅)ဦး၊ သားကျင်ဇုံမှ (၄၆)ဦး၊ မြို့သာဇုံမှ (၁၀)ဦးနှင့် ငါန်းမြာဇုံမှ (၂၀)ဦး၊ ငါန်းဇွန် မြို့နယ်အတွင်း စုစုပေါင်းဇုံ(၅)ဇုံမှ သတ်မှတ် ဦးစားပေးအုပ်စုအလိုက်(၁၈၆)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော သတ်မှတ် ဦးစားပေးအုပ်စု အလိုက် လူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာရေးအဆင်ပြေစေရန် ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျှက်ရှိရာ ဩဂုတ် ၃၀ရက်နေ့မှ စက်တင်ဘာ ၁၃ရက်နေ့ အထိ မြို့နယ်အတွင်း ဇုံ(၅)ဇုံမှ (၆၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများနှင့် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် (၃၄၁၃)ဦး ထိုးနှံပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)