တောင်တွင်းကြီး စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပူးပေါင်းအဖွဲ့က ရွေ့လျား ယာဉ်ဖြင့်အခမဲ့ ကိုဗစ်- ၁၉ရောဂါစစ်ဆေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းကတ တောင်တွင်းကြီးမြို့နယ် အတွင်းရှိကျေးရွာများမှ ဒေသခံ ကျေးလက် နေပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရေး RDT ( Test Kits ) ဖြင့် ရောဂါရှာဖွေစစ်ဆေးခြင်းများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ရွေ့လျားစစ်ဆေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများ ဆောင် ရွက်ပေးရာသို့ ကျေးရွာများ ရှိအနံ့မရှိသူနှင့် ဖျား နာနေသူ (၁၉၅)ဦး လာရောက်စစ်ဆေးမှုခံယူခဲ့ရာ ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရောဂါပိုးရှိ /မရှိ RDT ( Test Kits ) ဖြင့် ရှာဖွေစစ်ဆေးခဲ့ရာ (၆)ဦး ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်(၁၈၉)ဦးမှာ ရောဂါပိုးမတွေ့ရှိရကြောင်းသိရပြီး ပိုးတွေ့လူနာ(၆)ဦးအား မြို့ နယ်ပြည်သူ့ဆေးရုံသို့ ဆေးဝါးကုသမူခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ကျေး ရွာနေပြည်သူများအား ရွေ့လျားယာဉ်ဖြင့် ရောဂါရှာဖွေ စစ်ဆေးဆောင်ရွက်ပေးနေမှုအား ယမန် နေ့နံနက်ပိုင်းက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများကသွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါအန္တရာယ်အား ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရွေ့လျား စစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှာဖွေစစ် ဆေးပေးခြင်းလုပ်ငန်းကို ကျန်ရှိသည့်ကျေးရွာများကိုလည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးစစ်ဆေးလိုသော ပြည်သူ များအနေဖြင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ လာရောက်စစ်ဆေးမှုခံ ယူနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
နိုင်ဝင်း