သတင်းများ

မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်း နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Sep 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေး နှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်က ရပ်ကွက်၊ ကျေးရွာများအတွင်း လိုက်လံ၍ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနှင့် စကောကရင် နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Sep 14,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ် နိုင်ရန် အတွက် မြန်မာဘာသာ၊ စကောကရင်ဘာသာတို့ဖြင့် ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ် ကွက်များနှင့်လမ်းဆုံလမ်းခွများ တွင် အသိပညာပေးနှိုးဆော်ဆောင်ရွက်ခဲ့သည်။
မိတ္ထီလာခရိုင်တွင် အသက် ၁၂ နှစ်အောက် ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် ကလေးစီးဝှီးချဲများ ပေးအပ်လှူဒါန်း
Sep 14,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် အသက် ၁၂ နှစ်အောက် ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် ကလေးစီးဝှီးချဲများကို ယနေ့ နံနက်က ဝမ်းတွင်းမြို့နယ် တမာကုန်းကျေးရွာတွင် အခမဲ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် ကဝဲအင်းချောင်းကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Sep 14,2021
ဧရာ၀တီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင် ၊ ဝါးခယ်မမြို့နယ်ကဝဲအင်းချောင်း ကျေးရွာအုပ်စု၊ ကဝဲ အင်းချောင်းကျေးရွာ အခြေခံပညာမူလတန်းလွ န်‌ကျောင်းတွင် ကျေးရွာနေပြည်သူများအား အိမ်ထောင်စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးကို ယမန်နေ့ နံနက် ပိုင်းမှစတင်၍ကိုဗစ်-၁၉ စည်း ကမ်းချက်များနှင့်အညီ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Sep 14,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ် ကွက်နှင့် ကျေးရွာများသို့သွားရောက်ဆောင်ရွက်ခဲ့သည်။
သိမ်ဇရပ်မြို့ရှိ ရဟန်း၊သံဃာများအား ကိုဗစ်ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးပေး
Sep 14,2021
ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ ကျောင်းတိုက်အသီးသီးတွင် သီတင်းသုံးနေထိုင်တော်မူသော ရဟန်း၊သံဃာ၊ သီလရှင်များအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိနှင့် ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် Test Kit ဖြင့် စစ်ဆေးပေးခြင်းကို ယနေ့ နံနက်(၉)နာရီက သိမ်ဇရပ်မြို့ သစ်ဆင်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများ အောက်ဆီဂျင်လိုအပ်လျှင် ကြက်ခြေနီအသင်း(အင်းစိန်)မှ ကူညီဆောင်ရွက်ပေးလျက်ရှိ
Sep 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကျန်းမာရေး ကောင်းမွန်စွာ နေထိုင်နိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ပြည်သူများ အောက်ဆီဂျင်လိုအပ်လျှင် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ အချိန်နှင့်တစ်ပြေးညီ သွားရောက်၍ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ပင်လုံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်
Sep 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ရုံးမှ ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်း(၅၁)စုနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၆၇) ကတ် ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂)၀န် တင်တပ်ရင်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့​သည်။