မြစ်သား စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနနှင့် မြို့နယ်စာရေး ဆရာအသင်းတို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိ ပညာပေး ဆွေးနွေးပွဲ (Talk Show)ကိုယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (ရုပ်သံကျွမ်း ကျင်-၃) ဒေါ်မြမြမွန်က လူကုန်ကူးမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေကို ၂၀၀၅ခုနှစ် စက်တင်ဘာလ ၁၃ ရက်တွင် စတင်ပြဌာန်းခဲ့ပြီး နှစ်စဉ် စက်တင် ဘာလ ၁၃ရက်ကို မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အဖြစ်သတ်မှတ် ခဲ့ကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ပထမဆုံးလုပ်ငန်းသည် ပြည့်တန်ဆာ လုပ်ငန်းများကို တားမြစ် သွားရေးပင်ဖြစ်ကြောင်း၊ လူကုန်ကူးမှုသည် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်လျက်ရှိသောကြောင့် အစိုးရများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ် ကြောင်းနှင့် လူကုန်ကူးမှုဖြစ်ပွားရခြင်း အကြောင်းတရား များကို ကျိုးကြောင်းဆီလျော်စွာ စီမံဆောင်ရွက်သွားမည်ဆိုပါက လူကုန်ကူးမှုများကို အတိုင်း အတာတစ်ခုအထိ လျှော့ချနိုင် မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင် နေသူရိန် (မြစ်သား)က လူကုန်ကူးမှုဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦး တစ်ယောက်ကို ထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ ခေါင်းပုံ ဖြတ်ခြင်း အလို့ငှာ လူများကို သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ခိုလှုံခွင့် ပေးခြင်း၊ သို့မဟုတ် လက်ခံခြင်းကို ဆိုလိုကြောင်း၊ လူကုန်ကူးခံရသည့်အကြောင်းအရာများ၊ လူကုန်ကူးမှုဆိုင်ရာဥပဒေများနှင့် ပြစ်ဒဏ်များ အကြောင်းစသည်တို့ကို အသိပညာပေးဆွေးနွေး ပြောကြား သည်။
ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း(၂၀၀)ကျော်ရှိရာတွင် တစ်နှစ်လျှင်(၂၀၂)သန်းကျော် လူကုန်ကူးမှု ခံရကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် မှစတင်၍ လူကုန်ကူးမှုများပြားလာကြောင်း သိရှိရသည်။
မြမြမွန်(မြစ်သား)