သတင်းများ

ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်နှင့်လှူဖွယ် ပစ္စည်းများဆက်ကပ်လှူဒါန်း
Sep 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်များ၊ သာမဏေများနှင့် သီလရှင်များအား ဆွမ်းဆန်တော်နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို အမှတ်(၂)ရပ်ကွက် ဒက္ခိဏာရာမ (ရွှေကျင်)ပရိယတ္တိစာသင်တိုက်၌ ယနေ့ နံနက် ၉ နာရီအချိန် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ မြို့နယ်သံဃနာယကအဖွဲ့ အတွင်းရေးမှူး ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီး၊ ပရိတ်တရားတော်များ ချီးမြှင့်ခဲ့သည်။
မအီမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည် ပြုလူနာ(၁ )ဦးထပ်မံတွေ့ရှိရာ ပိုးတွေ့လူနာ ( ၃၃)ဦးထိရှိပြီဖြစ်
Sep 14,2021
ရခိုင်ပြည်နယ် သံတွဲခရိုင် မအီမြို့၊ ပြည်သူ့ ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါသံသယလက္ခဏာဖြင့် လာရောက် ပြသသူ(၁) ဦးအားကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ COVID-19 Rapid Test Kit ဖြင့်စစ်ဆေးခဲ့ရာတွင် ယ‌နေ့နံနက် (၁ဝး၃၀) အချိန်ခန့်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မအီမြို့၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
မိတ္ထီလာတွင် ကိုဗစ်၁၉ ပိုးတွေ့လူနာသစ် ၂၃ ဦး စစ်ဆေးတွေ့ရှိ
Sep 14,2021
မိတ္ထီလာမြို့နယ်အတွင်းကျေးရွာများတွင်နေထိုင်သည့် ကိုဗစ်၁၉ ရောဂါပိုးရှိသည်ဟု သံသယရှိသူ များအားစစ်ဆေးခဲ့ရာ စက်တင်ဘာလ ၁၂ ရက်နေ့ညနေ ၃နာရီအချိန်မှ ယမန်နေ့ညနေ၃ နာရီအချိန် အတွင်း ကိုဗစ် ၁၉ ပိုးတွေ့လူနာသစ် ၂၃ ဦးစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။
ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Sep 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့တွင် ရဟန်းသံဃာများ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက တာဝန်ရှိသူများမှ ဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင် Mask ဖြန့်ဝေခြင်း လိုလျှင်ယူပါ၊ ပိုလျှင်လှူပါအစီစဉ် ဆောင်ရွက်ထားရှိပေး
Sep 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက ယနေ့နံနက်ပိုင်းမှစ၍ မိုးညိုမြို့နယ်စည်ပင်သာယာစျေးအတွင်း အချက်အချာကျသောနေရာ (၃) နေရာတွင် ဖြန့်ဝေခြင်း လိုလျှင်ယူပါ၊ ပိုလျှင်လှူပါအစီစဉ်ကို ဆောင်ရွက်ပေးထားကြောင်း သိရသည်။
မိုင်းပန်မြို့နယ်တွင် စက်တင်ဘာလ (၁၃) ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၁၄) ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး (၁) ဦးသေဆုံး
Sep 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် စက်တင်ဘာလ (၁၃) ရက်နေ့ က ကိုဗစ်-၁၉ ရောဂါ သံသယရှိသူ (၄၆) ဦးအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၁၄) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါ (၁၄) ဦးအနက် (၁) ဦးမှာ နံနက် (၈) နာရီအချိန်ခန့်တွင် သေဆုံးခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေး အသိပညာပေးနိုးဆော်ချက်များကို ပြည်သူများသိရှိစေရေး အသိပေးလိုက်လံ နှိုးဆော်
Sep 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး လိုက်လံအသိပေးနှိုးဆော်မှုအား ယနေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့ပေါ်/ရပ်ကွက်များနှင့် မြို့မဈေးကြီးအတွင်း အသိပညာပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ချောက်မြို့နယ် ထိန်ကန်ကျေးရွာအုပ်စုအတွင်းရှိကျေးရွာများ၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Sep 14,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦး​အောင်ဇော်တင့်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်အရ ယမန်နေ့နံနက် ၇နာရီအချိန်က ထိန်ကန်ကျေးရွာအုပ်စုအတွင်းရှိကျေးရွာများသို့ကွင်းဆင်း၍ ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။