ဓနုဖြူ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဆန်စက်လုပ်ငန်းရှင် အလှူရှင်များက မြို့နယ် အတွင်းရှိ ဝါဆိုဝါကပ်သီတင်းသုံးတော်မူကြသော သံဃာတော်၊ သီလရှင်များအား ဆွမ်းဆန် တော်၊ ဆီ၊ ပဲနှင့် ဆားများ ဆပ်ကပ်လှူဒါန်းခြင်းကို ယမန်နေ့၊ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ သွားရောက်ဆပ်ကပ် လှူဒါန်းခဲ့သည်။
ဓနုဖြူမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ စုစုပေါင်း(၂၄၁)ကျောင်းတိုက်တွင် ဝါဆိုဝါကပ်သီတင်းသုံးတော်မူကြသော သံဃာတော်၊ သီလရှင် စုစုပေါင်း(၂၃၃၆)ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက လှူဖွယ်ဝတ္ထုအစုစုတို့ကို သွားရောက်ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)