မင်္ဂလာဒုံမြို့နယ်တွင် စက်ရုံ၊အလုပ်ရုံမှ ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေး ဆက်လက်ထိုးနှံပေး

မင်္ဂလာဒုံ   စက်တင်ဘာ     ၁၄

ရန်ကုန်တိုင်း​ဒေသကြီး၊​ မြောက်ပိုင်းခရိုင်၊  မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများက ဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေးများ ဆက်လက်ထိုးနှံ​ ပေးလျှက်ရှိရာ ယမန်ရက်နေ့က စက်ရုံ၊ အလုပ်ရုံ (၈)ရုံမှ ဝန်ထမ်း (၄၅၇၆)ဦး ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေး ထိုးနှံ​ပေးနိုင်ခဲ့​ကြောင်း သိရသည်။

ထိုးနှံ​ပေးခဲ့​သော စက်ရုံ၊ အလုပ်ရုံများမှာ အိုရီရန်တယ်ဟိုက်ဝေးမှ (၁၅)ဦး၊ Alumax(၇၃)ဦး၊ YGTမှ (၁၃၃)ဦး၊  Greenရေသန့် မှ(၃၄)ဦး၊ Asia Cap မှ (၈၄၀) ဦး၊ ZKG မှ(၄၁၆)ဦး၊ HT-LT Co.Ltd မှ(၃၃)ဦးနှင့် Asia Optical မှ (၃၀၃၂)ဦး၊ စုစု​ပေါင်း (၄၅၇၆) ဦးတို့ကို ကိုဗစ်၁၉-​ရောဂါကာကွယ်​ဆေးထိုးနှံ​ပေးနိုင်ပြီး ၎င်း စက်ရုံ၊ အလုပ်ရုံများထဲမှ Asia Optical မှ (၃၀၃၂) ဦးမှာ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံခြင်းဖြစ်ပြီး ကျန်စက်ရုံမှ အလုပ်သမားများက ပထမအကြိမ် ထိုးနှံပေးခြင်းဖြစ်​ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် ကျန်းမာ​ရေးဝန်ထမ်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကာကွယ်​ဆေးထိုးရာတွင် ကူညီကြသည့်​ စေတနာ့ဝန်ထမ်းများ၊ အသက် ၆၅ နှစ်အထက် အဖိုးအဖွားများ၊ ကုမ္ပဏီများမှ ဝန်ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံများမှ ဝန်ထမ်းများ​နေ့စား အလုပ်သမားများကို​​ သတ်မှတ် အုပ်စုများအလိုက် နေ့စဉ်ဆက်လက် ကာကွယ်ဆေးထိုး​​ပေး​နေ​ကြောင်း မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနမှ သိရသည်။