လှည်းကူး စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခဲ့သည့် နိုင်ငံ့ဝန်ထမ်းများ နှင့် Volunteer များအား ယမန်နေ့ နေ့လည် ၁၂ နာရီက အ-ထ-က(လှည်းကူး)တွင် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်း ကော်မတီအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် Volunteer များက ပူးပေါင်း၍ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခြင်းနှင့် ဆေးထိုးနှံပေးခြင်းနှင့် ဆေးထိုးပြီးနောက် ဆေးနှင့်ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာများ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ချက်ချင်းအရေးပေါ် တုံ့ပြန်နိုင်ရန်အတွက် မိနစ် ၃၀ ခန့်အကြာ စောင့်ကြပ်ကြည့်ရှုပေးခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးကြောင်း သိရသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းများနှင့် Volunteer များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို နှစ်သုတ်ခွဲ၍ ၂ ရက်ကြာထိုးနှံပေးခဲ့ပြီး နိုင်ငံ့ဝန်ထမ်း ၄၁၇ ဦး၊ ဝန်ထမ်းမိသားစု ၁၂ ဦး၊ Volunteer ၅၀ ဦးအပါအဝင် စုစုပေါင်း ၅၁၁ ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရှိရသည်။
ကျော်ကျော်