ဗန်းမော် စက်တင်ဘာ ၁၄
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် နိုင်ငံသားအရည်အချင်းပြည်မီသူတိုင်း ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးရရှိနိုင်ရေး ရည်ရွယ်၍ “ ပန်းခင်း ’’ စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ အခမဲ့ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီကစ၍ ဟန်းတဲရပ် ကွက်၊ လင်းရောင်ခြည် ဘုန်းတော်ကြီးကျောင်း၌ ဆက်လက်ပြုလုပ်ဆောင်ရွက်ပေးသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဗန်းမော်မြို့နယ်ဦးစီးမှူးရုံးမှ အဖွဲ့ ( ၅ ) ဖွဲ့ခွဲကာ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ပန်းခင်းစီမံချက်အရ ဗန်းမော်မြို့တွင် ရွှေပြည်သာရပ်ကွက်၊ မင်းကုန်းရပ်ကွက်၊ ရွှေကျီးနားရပ်ကွက်၊ ပေါက်ကုန်းရပ်ကွက်၊ အောင်သာရပ်ကွက်၊ ဆင်ကုန်းရပ်ကွက်၊ မင်းကျောင်းကုန်းရပ်ကွက်၊ ဟန်းတဲရပ်ကွက်၊ များသို့ကွင်းဆင်းဆောင် ရွက်ခဲ့ရာ အသက်( ၁၀ )နှစ်ပြည့် ကျား( ၆၁ )ဦး၊ မ( ၄၀ )ဦး အသက် (၁၈)နှစ်ပြည့် ကျား( ၂၁ )ဦး၊မ( ၆ )ဦး စုစုပေါင်း ( ၁၂၈ )ဦးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့သို့ အဖွဲ့ခွဲကာ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့် နေရာများသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဗန်းမော်ခရိုင်ဦး စီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ကျော်နှင့် မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဘောက်နော်တို့ကလှည့်လည်၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်များသို့လည်း ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြသက်( ပြန်/ဆက် )