ရမည်းသင်း စက်တင်ဘာ-၁၄
ရမည်းသင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၄ရက်နေ့ မွန်းတည့် ၁၂နာရီက အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက် များအတွင်းသို့လှည့်လည်၍ အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ရမည်းသင်းမြို့နယ်အား ဇူလိုင် ၂၇ ရက်နေ့မှစ၍ Stay at Homeမြို့နယ်အဖြစ် သတ်မှတ် ထုတ်ပြန်ကြေညာ ထာခြင်းနှင့်ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးနှင့်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ရမည်းသင်းမြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်
ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာ၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့်မြို့နယ် မီးသတ် ဦးစီးဌာန တို့ ပူးပေါင်း၍ မြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာနိုးဆော် ကြေညာလျက်ရှိသည်။
အဆိုပါအသိပညာပေးနိုးဆော်ရာပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ရေး ကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံပြီးသူများ ဒုတိယအကြိမ် ကာကွယ်ဆေးကိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ထိုးနှံ ရေးနိုဆော်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါထိရောက်စွာကာကွယ်ရေး ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌ သာနေထိုင်ရေး၊နေအိမ်အပြင်ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင် သွားလာကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်၊ လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ မကြာ ခဏဆေးကြောကြရန်၊ လူစုလူဝေးများကို ရှောင်ရှား ကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟုသံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက် မကွက်ဆေးကုသမှုခံယူကြရန် စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာများနှင့် အိမ်ရှင်နှင့်အိမ်ငှား နေထိုင်သူများသို့ အသိပေးခြင်းကို အသံချဲ့စက်ဖြင့်စဉ်ဆက် မပြတ် အသိပေး နှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်ဝင်းအောင် (ခရိုင်ပြန်/ဆက်)