ရွှေကျင် စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင် ဦးဆောင်သော ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီခွဲမှမွန်းတဲ့ (၁၂)နာရီအချိန်ထိ ရွှေကျင်မြို့နယ်၊ ရှမ်းကြေးရပ်ကွက်သို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝန်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်က အသက်(၁၆)နှစ်နှင့်အထက် အိမ်ထောင်စုစာရင်းမရှိသူများနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ယခုလို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေကတ်ပြား ပြုလုပ်ပေးခြင်း၏ ရည်ရွယ်ချက်များ ပြည်သူများအနေဖြင့် အလုပ်အကိုင် ဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စွာ လုပ်ကိုင်နိုင်ရန် ခရီးသွားလာရာတွင် အဆင်ပြေစေရန် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုနောက် အသက်(၁၆)နှစ်အထက် ကျား(၂၇)ဦး၊ မ(၃၈)ဦး၊ စုစုပေါင်း (၆၅)ဦးတို့အား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်