ခန္တီး စက် ၁၄
နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေး ကိုင်ဆောင်နိုင်ရေးအတွက်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် စက်တင်ဘာလ ၁၃ ရက်နေ့က လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးတင့်နှင့်မြို့နယ် ဦးစီးမှူးဦးထွန်းထွန်းဦး တို့ဦးဆောင်၍ ကင်းတော်ကျေးရွာသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကို ကွင်း ဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဒီဇိုင်း(ရတနာမြေ)