မော်လမြိုင်ကျွန်းမြို့နယ် ၊ အလယ်ရေကျော်ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စုများအား ဆန်(၄) ပြည်နှင့်ငွေ(၂၀၀၀) ကျပ်စီ ထောက်ပံ့ လှူဒါန်း

မော်လမြိုင်ကျွန်း   စက်တင်ဘာ  ၁၄

လပွတ္တာခရိုင် ၊ မော်လမြိုင်ကျွန်းမြို့နယ် အလယ်ရေကျော်ကျေးရွာအုပ်စုအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများနှင့် စားသောက် ရေးအခက်အခဲရှိသော ကျေးရွာခွဲ(၆) ရွာရှိ အိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၄) ပြည်နှင့် ငွေကျပ် (၂၀၀၀) ကျပ်စီ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်က ဆောင်ရွက်ကြောင်း သိရှိရသည်။

အဆိုပါ လှူဒါန်း မှု့များအတွက် အလယ်ရေကျော် ကျေးရွာမှ မတည်အလှူရှင်(ဦးလှရွှေ)-ဒေါ်ကျင်ရုံ ၊ ဦးသိန်းထွန်း၊ ဦးသိန်းလွင်၊ မသန္တာချို သားသမီးတစ်စုတို့မှ ဆန်အိတ် (၅၀)အိတ်၊ ဦးဇင်မြင့်အောင်-ဒေါ်ချိုနွယ်ထူး မိသားစု ဆန်အိတ်(၂၅)အိတ် ၊ ဦးစိန်ထွန်း-ဒေါ်ကြည်နွဲ့ မှဆန်အိတ်(၁၀)အိတ်၊ ဦးသိန်းမြင့်-ဒေါ် မော်မော် ရီ(ထွေအုပ်)မှ ဆန်(၁၀)အိတ် ၊ဦးသန်းထွန်း-ဒေါ်ခင်အေးမူ မိသားစုမှ ဆန်(၅)အိတ်၊ဒေါ်တူးပို့ မိသားစုမှ ဆန်(၅)အိတ်၊ ဦးစိုးနိုင်-ဒေါ်မိုးမိုး တို့မှဆန်(၅) အိတ်တို့အား စုပေါင်းလှူဒါန်းကြပြီး ကျေးရွာအုပ်စုအတွင်းရှိ ဖိုးလှကြီး ကျေးရွာ၊စိန်မှန်း ကျေးရွာ (၁)၊(၂)၊ ရေဖြူကန်ကျေးရွာ ၊ အုန်းတပင်၊ချင်းစု့ ကျေးရွာများရှိ အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း(၇၀၀) ကျော်အား သတ်မှတ်ထားသော ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ လူစုလူဝေးမဖြစ်စေရေး စနစ်တကျဆောင်ရွက်၍လှူဒါန်းကြ ကြောင်းသိရှိရသည်။

သီတာအောင် (ပြန်ဆက်)