နမ္မတူမြို့နယ် ‌ ပုဗ္ဗာရုံပရိယတ္တိရွှေကျင်ကျောင်းတိုက်နှင့် ပညာလင်္ကာရသီလရှင်ကျောင်းတိုက်ရှိ ရဟန်း၊ သာမဏေများနှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေး

နမ္မတူ စက်တင်ဘာ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန်ရည်ရွယ်၍ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စီစဉ်မှုဖြင့် သံဃာတော် ၂၅ ပါးနှင့်အထက် စာသင်တိုက်/ကျောင်းတိုက်များတွင် သီတင်းသုံးလျက် ရှိသည့် ရဟန်းများ၊ သာမဏေများနှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ()နာရီခွဲအချိန်ခန့်တွင် နမ္မတူ မြို့နယ်၊ ပန်ဟိုက်ရပ်ကွက် (၈) ရှိ ပုဗ္ဗာရုံပရိယတ္တိရွှေကျင်ကျောင်းတိုက်နှင့် ပညာလင်္ကာရ သီလရှင် ကျောင်းတိုက်တို့၌ ဆောင်ရွက်ခဲ့သည်။

ထို့သို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန် ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မေတ္တာရှင်လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ပန်ဟိုက်ရပ်ကွက် (၈)ရှိ ပညာလင်္ကာရသီလရှင် ကျောင်းတိုက်တွင် သီတင်းသုံးတော် မူလျက်ရှိသည့် သီလရှင် ဆရာကြီး၊ ဆရာလေး ၂၉ပါးအား ဓါတ်ခွဲနမူနာရယူ၍ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်ပိုးတွေ့ရှိကြောင်း သိရသည်။

အလားတူ ပန်ဟိုက်ရပ်ကွက် (၈)ရှိ ပုဗ္ဗာရုံပရိယတ္တိရွှေကျင်ကျောင်းတိုက်တွင် သီတင်းသုံးတော် မူလျက်ရှိသည့် ရဟန်း ပါး၊ သာမဏေ ၂၂ပါး စုစုပေါင်း ၂၉ပါးနှင့် ကျောင်းသား (၅) ယောက် အား ဓါတ်ခွဲနမူနာရယူ၍ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်ပိုးမတွေ့ရှိကြောင်း သိရသည်။

ဆက်လက်၍ စက်တင်ဘာလ (၁၁)ရက်နေ့တွင် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ  ပိုးမတွေ့ရှိခဲ့သည့် ရွှေမြင်သာကျောင်းတိုက်တွင် သီတင်းသုံးတော်မူလျက်ရှိသည့် ရဟန်း၊ သာမဏေ၊ ၄၈ပါးအား ဓါတ်ခွဲနမူနာရယူ၍ ဒုတိယအကြိမ် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ  ရဟန်း၊ သာမဏေ (၃)ပါးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

နမ္မတူမြို့နယ်တွင် ဇွန်လ (၁၆)ရက်နေ့မှ ယနေ့နံနက်ပိုင်းအချိန်ထိ ကိုဗစ်-၁၉ပိုးတွေ့ရှိသူ ၅၀၃ ဦးရှိပြီး၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၃၃၂ ဦးရှိကာ၊ ၁၅ ဦး သေဆုံးခဲ့ပြီး၊ ဆေးကုသဆဲပိုးတွေ့လူနာ ၅၆ ဦးရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

လူမော်