ဒီပဲယင်း စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ဒီပဲယင်းမြို့နယ်၌၂၀၂၁ခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် စပါးစိုက်ဧက ၁၂၇၀၀၀ စိုက်ပျိုးရန် လျာထားခဲ့ရာ စိုက်ပျိုးပြီး ကွင်းပိတ်ချိန်တွင် ၁၂၇၀၀၃ ဧက စိုက်ပျိုးပြီး ဖြစ်၍ လျာထားဧကထက် ကျော်လွန် စိုက်ပျိုး နိုင်ပြီး ရာနူန်းအားဖြင့် ၁၀၀% စိုက်ပျိုးနိုင်ခဲ့ ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအေးမင်းထွန်း ထံမှသိရသည်။
ဒီပဲယင်းမြို့နယ်အနေဖြင့် မိုးစပါးစိုက်ပျိုးရေကိုသဖန်းဆိပ်ဆည်ရေသောက်ကင်းတပ်လက်ယာတူးမြောင်း RMCမှ ၁၆၅၀၀ဧက ကာဘိုးရေလွဲဆည် ရေဦးမြောင်းမတော် YMC မှ ၈၀၁၀၃ ဧက နှင့် မိုးကောင်းသောက် ၃၀၄၀၀ ဧက ရေသောက်များတွင် စိုက်ပျိုးခဲ့သည့် စပါးမျိုးများ မှာ ရေသွယ်ရင် ၁၉၂၅၅ဧက၊ ဧရာမင်း ၂၈၆၂၉ဧက ၊ ရွှေဘိုပေါ်ဆန်း ၇၉၁၁၉ ဧက စုစုပေါင်း၁၇၀၀၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အရည်အသွေးကောင်း ဈေးကွက်ကောင်း ရရှိသည့်ရွှေဘို ပေါ်ဆန်း စပါးမျိုးကို ယခင် နှစ်ထက် ၁၆၉၆၆ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်သိရှိရသည်။
မိုးစပါးများ တစ်ဧကထွက်နှုန်း တိုးတက်ရေးနှင့် အရည်အသွေးကောင်းမွန်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန စိုက်ပျိုး ပညာပေးကွင်းဝန်ထမ်းများက ကျေးရွာများ အရောက် ကွင်းဆင်ပြီး တောင်သူများနှင့် တွေ့ဆုံကာ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ် ၁၄ ချက်အညီး စိုက်ပျိုးဆောင်ရွက်ရန် ပညာပေးခြင်း ၊ သဘာဝ မြေ ဩဇာနှင့်ဓာတ်မြေ ဩဇာကို အချိုးကျ တွဲဘက် အသုံးပြုတတ် စေရန်ပညာပေးခြင်း ၊ EM ဘိုကာရှီ ၊ စူပါဘိုကာရှီ သဘာဝမြေဆွေးပုံများကို လက်တွေ့ ပြုလုပ်၍ အသုံးပြုစေခြင်းနှင့် သဘာဝပိုးသတ်ဆေးများ ပိုမိုအသုံးပြု ဆောင်ရွက် လာနိုင် စေရန် အသိပညာပေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။
မြို့နယ်( ပြန်/ဆက် )