သတင်းများ

မြန်အောင်၌ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပ
Sep 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre တွင် ယမန်‌‌နေ့မွန်းလွဲ (၁၂:၃၀) နာရီက မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံမှု (၁၀)ရက်အတွင်းလူဦးရေ(၈၃၃၅)ဦးထိုးနှံပြီးစီး
Sep 15,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယ အကြိမ် ထိုးနှံပေးမှုကို၊ ဆေးထိုးစုရပ်(၂)ခုတွင် စက်တင်ဘာ(၅)ရက်နေ့မှစ၍ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များနှင့်အညီ ထိုးနှံပေး လျက်ရှိရာ၊ စက်တင်ဘာ(၁၄)ရက်နေ့အထိ (၁၀) ရက်အတွင်း လူဦးရေ(၈၃၃၅)ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး စက်ရုံအလုပ်ရုံများတွင် RTDဖြင့် ကွင်းဆင်းစစ်ဆေး
Sep 15,2021
ကော့သောင်းမြို့တွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး မိုဘိုင်းအသွင် သဏ္ဍာန်ဖြင့် RTD ဖြင့်လိုက်လံစစ်ဆေးဖေါ်ထုတ်လျှက်ရှိရာ ယနေ့ နံနက်၁၀နာရီက ကျန်းမာရေးဌာနမှ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများအား RTD ဖြင့် ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ညောင်ရွှေမြို့၌ ပန်းခင်းစီမံချက်လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းခြင်းနှင့် ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များဝေငှ
Sep 15,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၌ မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး ပန်းခင်းစီမံချက်အကြောင်း ရှင်းလင်းခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ရောဂါဖြစ်ပွားပြီး ပြန်လည်သက်သာပျောက်ကင်းသူများ၏ ရင်တွင်းစကားသံများ
Sep 15,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီ၊‌ စေတနာ့ဝန်ထမ်းများနှင့် စေတနာရှင်အလှူရှင်များ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုကြောင့် အေးမြသာယာရပ်ကွက်တွင်နေထိုင်သော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီး ပြန်လည်သက်သာလာသူ‌ ဒေါ်ခင်ဝင်းဆွေနှင့် ဦးဇေယျာသန့်တို့၏ ပြောကြားချက်ရင်တွင်း စကားသံကို ပြန်လည်ဖော်ပြလိုက်ပါသည်။
ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၄)ဦး ထပ်မံတွေ့ရှိ
Sep 15,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ယမန်နေ့က ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သံသယ လူနာ(၂၆)ဦးအား RDT Test Kit ဖြင့် စစ်ဆေးချက် အရ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၄)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး
Sep 15,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အတွင်း ဆောင်ရွက်လျက်ရှိပြီး ယမန်ရက်နေ့ နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်ရှိ ထန်းတပင် မြန်မာအထည်ချုပ်စက်ရုံတွင် မြို့နယ် အတွင်းရှိ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ(၄)ရုံတို့မှ အလုပ်သမားများကို ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုး‌တွေ့လူနာသစ် ၁၃ ဦး ထပ်မံတွေ့ရှိ၊ ၂၀ ဦး ပြန်လည် ကျန်းမာလာ
Sep 15,2021
ဟားခါးမြို့တွင် ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ပိုး‌တွေ့လူနာသစ် ၁၃ ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှု ခံယူနေသည့် ပိုးတွေ့လူနာများအနက် ၂၀ ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံးဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။