ဝမ်းတွင်း စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ဝမ်းတွင်းမြို့နယ်တွင်အသက်(၆၅)နှစ်အထက်ပြည်သူများနှင့်Vaiunteerများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးSinopharmများ ထိုးနှံပေးခြင်းကို ဩဂုတ်လ ၉ ရက်နေ့နံနက် (၈)နာရီအချိန်မှစတင်ကာ သက်ဆိုင်ရာစုရပ်နေရာများတွင် ထိုးနှံပေးခဲ့ရာ (၁၄.၉.၂၀၂၁)ရက်နေ့အထိ ဒေသခံပြည်သူ(၆၁၅၅)ဦးအား ကာကွယ်ဆေးများ ထိုးနှံပြီးစီးခဲ့ ကြောင်းသိရသည်။
Covid19 ရောဂါ ကာကွယ်ဆေးSinopharmအား ဒုတိယအကြိမ်မြောက်ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးရာတွင် မြို့ပေါ်ရပ်ကွက်/ကျေးရွာများအုပ်စုများရှိ အသက်(၆၅)နှစ် အထက် ဒေသခံပြည်သူများနှင့် Valunteerများအားကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက် အလက်စာရင်းများရေးသွင်းခြင်းများဆောင်ရွက်ပေးပြီးကျန်းမာရေးကောင်းမွန်သူအသက်(၆၅)နှစ်ထက်ရှိသူများနှင့် Valunteerများကို သက်ဆိုင်ရာစုရပ်များအလိုက်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ဒုတိယအကြိမ်မြောက်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးSinopharmထိုးနှံပေးခြင်း များဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထားထားနှင့် ဌာနဆိုင်ရာအကြီးအကဲ များ၊ မြို့နယ်ကိုဗစ်၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက လာရောက်ကြည့်ရှုကာအားပေးစကားများ ပြောကြားခဲ့ပြီး ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများကို တိကျစွာလိုက်နာပြီး ရောဂါကူးစက် ပျံ့ပွား မှု့ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူများအနေ ဖြင့်ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်မိုးဦးမှ ပြေားကြားခဲ့ပြီး ဝမ်းတွင်းမြို့နယ်အနေဖြင့် ကိုဗစ်၁၉ရောဂါကာကွယ်ဆေးSimoparmထိုးနှံပေးခြင်းအနေဖြင့် အသက်(၆၅)နှစ်အထက်ရှိသူနှင့် ဒေသခံပြည်သူစုစုပေါင်း(၆၁၅၅)ဦးကို သက်ဆိုက်ရာစုရပ် များအ လိုက်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီးကျန်ရှိသည့်ဒေသခံပြည်သူများအား ကာကွယ် ဆေးများဆက် လက်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲမျိုး(ဝမ်းတွင်း)