Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
လဲချားမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး
Sep 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၁၀)နာရီ အချိန်က ပန်ဆန်းအုပ်စု နောင်လိုင်ကျေးရွာတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ရဟန်း၊ သံဃာတော်များ နှင့် ပြည်သူများအား ထိုးနှံပေးမှု ကြည့်ရှုအားပေး
Sep 14,2021
မွန်ပြည်နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့ နံနက် ၁၀နာရီခွဲက မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် ပြည်နယ်ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm တတိယအသုတ် ပထမအကြိမ် ထိုးနှံနေမှုကို ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ မိုးရာသီ သီးနှံစိုက်ပျိုးသည့်တောင်သူများအား စိုက်ပျိုးရေးစရိတ်ဘဏ်ချေး ငွေကျပ် သိန်းပေါင်း (၁၆၃၇၅ဒဿမ၅)သိန်း ထုတ်ချေးပေးပြီးဖြစ်
Sep 14,2021
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် တောက်သူများအား ကိုဗစ်-၁၉ရောဂါဖြစ်ပေါ်နေသည့် ကာလ အတွင်း စီးပွားရေးကုစားမှုအနေဖြင့် အခက်အခဲများ အဆင်ပြေစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀နာရီက မုဒုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆက်သွယ်ကျေးရွာနေတောင်သူ လယ်သမားများကို မိုးရာသီသီးနှံစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ ထုတ်ချေးပေးသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း ဖွင့်လှစ်နိုင်ရေးနှင့်အားကစားပြိုင်ပွဲ ပြက္ခဒိန်အတိုင်းအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ညှိနှိုင်းဆွေးနွေး
Sep 14,2021
ကချင်ပြည်နယ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နိုင်ငံလက်ရွေးစင် အားကစားသမားများ ပေါ်ထွန်းလာစေရေး တို့အတွက် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း ဖွင့်လှစ်နိုင်ရေးနှင့် တိုင်းဒေသကြီး/ပြည်နယ်အားကစားပြိုင်ပွဲပြက္ခဒိန်အတိုင်း အားကစား ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံတွင် အသက် ၅၅နှစ်မှ ၆၄နှစ်အတွင်းရှိသူများအား စုရပ်(၁၅)နေရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမကြိမ်စတင်ထိုးနှံ
Sep 14,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် အသက် ၅၅နှစ် မှ၆၄နှစ်အတွင်းရှိသူများနှင့်ဦးစားပေး အုပ်စုအလိုက် သတ်မှတ်ချက်နှင့်အညီ ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကိုမြို့နယ်အတွင်းရှိ စုရပ် ၁၅ နေရာ၌ ယနေ့မွန်းတည့် ၁၂ နာရီကစတင်၍ စုရပ်အလိုက်တာဝန်ရှိ သူများကထိုးနှံပေးကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်း စေရေးအတွက် လိုက်လံအသိပေး နှိုးဆော်
Sep 14,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် ယနေ့နံနက် ၉နာရီအချိန်တွင် ခေမာသီရိ၊ မြို့သစ်ကြီး၊ ယုဇနနှင့် မြေမြင့်ရပ်ကွက်များတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပေးနှိုးဆော်ချက်များအား လှည့်လည် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတွဲမြို့ရှိလက်လုပ်လက်စားအိမ်ထောင်စုများအား ဆန်နှင့်စားသောက်ကုန်များလှူဒါန်း
Sep 14,2021
သံတွဲမြို့ရှိ လက်လုပ်လက်စား အိမ်ထောင်စုများအားကိုဗစ်-၁၉ရောဂါ ဖြစ်ပွါးနေချိန်ကာအအတွင်း စားသောက်မှုအဆင်ပြေစေရေးအတွက် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်က အမှတ်၄ရပ်ကွက်ရှိ မိုးထက်ငြိမ်း လက်ဖက်ရည်ဆိုင် ရှေ့တွင်လှူဒါန်း ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗီတာမင် D3 ဆေးရည်များကို ငပလီမြို့ရှိ သက်ကြီးဘိုးဘွားများကို ဦးစားပေးအနေဖြင့်တိုက်ကျွေးလျက်ရှိ
Sep 14,2021
ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ အာဟာရဖွံဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် (ရန်ကုန်တိုင်း) မှ ကိုယ်ခံအားမြှင့် ဗီတာမင် D3 ဆေးရည် များကို ငပလီမြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအား စက်တင်ဘာလ(၁၄) ရက်နေ့ နံနက်(၉) နာရီမှစ၍ စတင်တိုက်ကျွေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24074
Page
24075
Page
24076
Page
24077
Current page
24078
Page
24079
Page
24080
Page
24081
Page
24082
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department