အောင်လံ စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ဈေးကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် မှုတွင် ရှေ့ပြေးလျှောက်လွှာဖြည့်သွင်းခြင်း၊ နိုင်(၂)ဖြည့်သွင်းခြင်း၊ လက်ဗွေနှိပ်ခြင်း၊ အမှုတွဲတည်ဆောက်ခြင်း၊ သွေးအမျိုးအစားစစ်ဆေးခြင်း၊ ဓါတ်ပုံရိုက် ကူးခြင်းလုပ် ငန်းများပြီးစီးအောင် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကွင်း ဆင်းဆောင်ရွက်မှုတွင် ဈေးကုန်းရပ်ကွက်အတွင်းရှိ အသက်(၁၀)နှစ်ပြည့်ပြီးသူ (၉)ဦး၊ အသက် (၁၈)ပြည့်ပြီးသူ(၅)ဦး၊ အသက်(၁၈)ပြည့်လဲလှယ်(၃)ဦးနှင့် ပျောက်ဆုံးမိတ္တူ(၇)ဦး၊ စုစုပေါင်း(၂၄)ဦး တို့အားပြု လုပ် ပေးနိုင်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)