မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား (၃)လတစ်ကြိမ် ထောက်ပံ့သည့် လူမှုရေးပင်စင်ငွေများအား အိမ်တိုင်ရာရောက်ပေးအပ်

ရန်ကုန် စက်တင်ဘာ ၁၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သုံးလတစ်ကြိမ်ထောက်ပံ့ပေး လျက်ရှိသော လူမှုရေးပင်စင် ထောက်ပံ့ငွေများကို မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၀)မှ အသက်(၈၅) နှစ်နှင့် အထက် ဘိုးဘွား (၆၁၇) ဦးအား ယမန်နေ့မှ စတင်ကာ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား (၆၁၇) ဦးအား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ သြဂုတ်လနှင့် စက်တင်ဘာလများအတွက် လူမှုရေး ပင်စင်တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့်  စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၈၅၁၀၀၀၀) ကျပ်ကို  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ရပ်ကွက်(၂၀)၏ ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံ ကနဦး လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

ထို့နောက် အဆိုပါထောက်ပံ့ငွေများအား ယမန်နေ့ ညနေပိုင်းမှ စတင်၍  ရပ်ကွက်(၂၀) ရှိ အသက် (၈၅) နှစ်နင့်အထက် ဘိုးဘွားများထံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအဖွဲ့များက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)