အမ်းမြို့နယ်၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်မှု (၁၀၀)ရာခိုင်နှုန်းပြီးစီး
Sep 14,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အထောက်အကူဖြစ်စေမည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးလုပ်ငန်းကို ဇူလှိုင်လ( ၁၄ )ရက် နေ့မှစတင်ကာ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီအဖွဲ့က ဦးဆောင်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့၏ပေါင်းစပ်ညှိနှိုင်းမှုဖြင့် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရာ စေတနာရှင်ပြည်သူများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မှစုပေါင်း၍ ယနေ့အထိ လှူဒါန်းငွေကျပ်(၁၈၈၀၇၂၀၀၀)တို့ဖြင့်အောက်ဆီဂျင်စက်ရုံတည်ဆောက်မှု (၁၀၀)ရာခိုင်နှုန်းပြီးစီးကြောင်း အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီထံမှသိရှိရသည်။