သံတွဲမြို့ရှိလက်လုပ်လက်စားအိမ်ထောင်စုများအား ဆန်နှင့်စားသောက်ကုန်များလှူဒါန်း

 

သံတွဲ   စက်တင်ဘာ ၁၄

 

သံတွဲမြို့ရှိ လက်လုပ်လက်စား အိမ်ထောင်စုများအားကိုဗစ်-၁၉ရောဂါ ဖြစ်ပွါးနေချိန်ကာအအတွင်း စားသောက်မှုအဆင်ပြေစေရေးအတွက် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်က အမှတ်၄ရပ်ကွက်ရှိ မိုးထက်ငြိမ်း လက်ဖက်ရည်ဆိုင် ရှေ့တွင်လှူဒါန်း ခဲ့ကြောင်းသိရသည်။

 

ထိုသို့လှူဒါန်းရခြင်းမှာ ရခိုင်ပြည်နယ် စစ်တွေမြို့မှ အလှူရှင်များ စုပေါင်း၍ အိမ်ထောင်စု ၁၅၀ စာ လှူဒါန်းသည့် ဆန် ၊ ဆီ၊ကြက်သွန်၊ ကြက်ဥတို့အား သံတွဲမြို့မှ ပရဟိတအဖွဲ့များက ဦးဆောင်၍ လက်လုပ် လက်စား အိမ်ထောင်စု တစ်စုလျှင် ဆန် ၆ ပြည်တစ်အိပ်၊ ဆီ ၅၀ကျပ်သား ၊ ကြက်သွန်နီ ၅၀ကျပ်သား၊ ကြက်ဥ ၅လုံး နှုန်းဖြင့် လှူဒါန်းခဲ့ကြောင်းသိရှိရသည်။

 

ခရိုင်ပြန်/ဆက်