မုဒုံမြို့၌ မိုးရာသီ သီးနှံစိုက်ပျိုးသည့်တောင်သူများအား စိုက်ပျိုးရေးစရိတ်ဘဏ်ချေး ငွေကျပ် သိန်းပေါင်း (၁၆၃၇၅ဒဿမ၅)သိန်း ထုတ်ချေးပေးပြီးဖြစ်

 

မုဒုံ စက်တင်ဘာ ၁၄

 

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် တောက်သူများအား ကိုဗစ်-၁၉ရောဂါဖြစ်ပေါ်နေသည့် ကာလ အတွင်း စီးပွားရေးကုစားမှုအနေဖြင့် အခက်အခဲများ   အဆင်ပြေစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀နာရီက မုဒုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆက်သွယ်ကျေးရွာနေတောင်သူ လယ်သမားများကို မိုးရာသီသီးနှံစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ ထုတ်ချေးပေးသည်။

 

ထိုသို့ ထုတ်ချေးပေးရာတွင်   ၂၀၂၀ခုနှစ်အတွက်မိုးရာသီ  စိုက်ပျိုးစရိတ်ဘဏ်ချေးငွေ ပြေကျေသည့် ဆက်သွယ်ကျေးရွာရှိ တောင်သူလယ်သမား(၃၂)ဦး၏ လယ်ဧက(၁၃၄)ဧကအတွက် ဘဏ်ချေးငွေ စုစုပေါင်း(၂၀၁)သိန်းကို ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဘဏ်ချေးငွေများကို မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၃၀)မှတောင်သူဦးရေ စုစုပေါင်း(၁၅၁၇)ဦး၏ လယ်ဧက(၁၀၉၁၇)ဧကချေးငွေ စုစုပေါင်းငွေကျပ်သိန်း (၁၆၃၇၅ဒဿမ၅) သိန်း ကိုထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသည့် ကျေးရွာအုပ်စုများတို့ကိုလည်း စက်တင်ဘာလကုန်အထိ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း    မုဒုံမြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာဦးယဉ်ဌေးထံမှသိရှိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)