ချောင်းဆုံတွင် အသက် ၅၅နှစ်မှ ၆၄နှစ်အတွင်းရှိသူများအား စုရပ်(၁၅)နေရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမကြိမ်စတင်ထိုးနှံ

ချောင်းဆုံ      စက်တင်ဘာ      ၁၄

 

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် အသက် ၅၅နှစ် မှ၆၄နှစ်အတွင်းရှိသူများနှင့်ဦးစားပေး  အုပ်စုအလိုက် သတ်မှတ်ချက်နှင့်အညီ ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကိုမြို့နယ်အတွင်းရှိ စုရပ် ၁၅ နေရာ၌ ယနေ့မွန်းတည့် ၁၂ နာရီကစတင်၍    စုရပ်အလိုက်တာဝန်ရှိ သူများကထိုးနှံပေးကြောင်းသိရသည်။
 

အဆိုပါကာကွယ်ဆေးထိုးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက်ကျန်းမာရေးဝန်ကြီးဌာမှ  ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း အသက်အရွယ်အုပ်စုအလိုက်   စနစ်တကျထိုးနှံပေး လျက်ရှိပြီး  ဆေးထိုးစုရပ်များမှာ   ချောင်းဆုံ(အထက)၊   ရွာလွတ်(အထက)၊     မုဒွန်း(အထက)နှင့် (ကလော့၊  ကမာမို၊ ဒရယ်၊ ကလွီ၊  ကညှော်၊ကော့မုပွန်၊သက္ကော၊  ကရင်ဝင်းစိန်၊မုရစ်ကလေး၊ ကွမ်သဲ၊ ကမာကေး၊ ရေတွင်းကုန်း) ကျန်းမာရေးဌာနခွဲတို့တွင်ဆေးထိုးစုရပ်အဖြစ်ထားရှိကာ ပထမရက်တွင် စုရပ် ၁  နေရာ၌ ဆေးထိုး ဦးရေ  ၅၀   ဦးစီ ဆေးထိုးရန်လျာထားသဖြင့်   စုစုပေါင်း   ဆေးထိုးဦးရေ  ၇၅၀ ဦး ဆေးထိုးပေးရန်လျာထားကြောင်း  မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှသိရသည်။

 

ချောင်းဆုံ(ပြန်/ဆက်)