မွန်ပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး  Sinopharm  ရဟန်း၊ သံဃာတော်များ နှင့် ပြည်သူများအား ထိုးနှံ​ပေးမှု ကြည့်ရှုအားပေး

 

မော်လမြိုင် စက်တင်ဘာ ၁၄

 

 

မွန်ပြည်နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်း၊  ပြည်နယ်ဝန်ကြီးများနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့ နံနက် ၁၀နာရီခွဲက မော်လမြိုင်မြို့  ဖက်တန်းရပ်ကွက်   ပြည်နယ်ခန်းမ၌    ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  Sinopharm  တတိယအသုတ်  ပထမအကြိမ် ထိုးနှံနေမှုကို ကြည့်ရှုအားပေးသည်။

 

ရှေးဦးစွာ  ပြည်နယ်ဝန်ကြီးချုပ်က   တတိယအကြိမ်  ရောက်ရှိလာသော    ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ကို  မြို့နယ်များအလိုက်  ထိုးနှံနိုင်ရေး   အထူးအလေးထားဆောင်ရွက် ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ   သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန်တာဝန်ရှိသူများကို လမ်းညွှန်မှာကြားပြီး သံဃာတော်များအား အချိုရည်ဆက်ကပ် လှူဒါန်းပေးသည်၊၊

 

မွန်ပြည်နယ်အနေဖြင့်   ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအလုံးရေ   နှစ်သောင်း၊နှစ်ထောင်ကို ဆေးတစ်လုံးလျှင်  ငါးဦးနှုန်းဖြင့်  လူဦးရေစုစုပေါင်း  တစ်သိန်း၊ တစ်သောင်းကို   မွန်ပြည်နယ် ၁၀  မြို့နယ်အတွင်း သတ်မှတ်စုရပ် နေရာများ၌ စက်တင်ဘာ ၁၄  ရက်နေ့မှစတင်၍ တတိယအသုတ် ပထမအကြိမ်အား ဦးတည်အုပ်စု ၁၆ အုပ်စုမှ ရဟန်း၊သံဃာတော်များ၊ ပြည်သူများအား  စတင်ထိုးနှံ ပေးသည်၊၊ အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်၊၊

   

ဇာဖြူဝင်း(ပြန်/ဆက်)