ငပလီ စက်တင်ဘာ ၁၄
ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ အာဟာရဖွံဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် (ရန်ကုန်တိုင်း) မှ ကိုယ်ခံအားမြှင့် ဗီတာမင် D3 ဆေးရည် များကို ငပလီမြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအားယနေ့ နံနက်(၉) နာရီမှစ၍ စတင်တိုက်ကျွေးလျက်ရှိကြောင်းသိရသည်။
ဗီတာမင်D3 ဆေးရည်များတိုက်ကျွေးရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေ သည့်ကာလအတွင်း အဟာရဖွံ့ဖြိုးတိုးတက်စေရေးနှင့်ကိုယ်ခံအားကောင်းမွန်စေရန် ရည်ရွယ်၍ တိုက် ကျွေးခြင်းဖြစ်ပြီး ၎င်းဆေးရည်များတိုက်ကျွေးခြင်းကို ငပလီမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးစင်တာမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့မှ ပူးပေါင်း၍ သက်ကြီးဘိုးဘွားများ ကို ဦးစားပေးအနေဖြင့် တိုက်ကျွေးပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ဗီတာမင် D3 ဆေးရည်များတိုက်ကျွေးရာတွင် ငပလီမြို့ ဂေါ့ရပ်ကွက်မှ ပြည်သူ(၄၅၀)ဦး ၊ ဇီးဖြူကုန်းရပ်ကွက်မှ ပြည်သူ (၁၉၅၀) ဦး ၊ လင်းသာရပ်ကွက်မှ ပြည်သူ (၁၈၀၀) ဦး ၊ မြပြင်ရပ်ကွက်မှ ပြည်သူ (၁၅၀၀) ဦး ၊ ဂျိတ္တောရပ်ကွက်မှ ပြည်သူ (၂၂၅၀) ဦး စုစုပေါင်း ပြည်သူ (၇၉၅၀) ဦးတို့ကို တိုက်ကျွေးပေးသွားမှာဖြစ်ပြီး “ ဗီတာမင် D3 ဆေးရည်မှာ အသက်(၆) နှစ်မှ စတင်တိုက်ကျွေးနိုင်သော် လည်း ငပလီမြို့အတွက်လှူဒါန်းရရှိသည့်ဆေးရည်မှာ ပြည်သူလူထူအရေအတွက်နှင့် လုံလောက်မှုမရှိ သည့်အတွက် အသက် (၃၀) နှင့်အထက် သက်ကြီးဘိုးဘွားဦးစားပေးအနေဖြင့် အိမ်တိုင်အရောက်သွား ရောက်တိုက်ကျွေးပေးလျက်ရှိကြောင်း” ကိုဗစ်-၁၉ ကုသရေးစင်တာမှ သယ်ယူပို့ဆောင်ရေး တာဝန်ခံ ကိုသက်လွင်ဖြိူး ထံမှသိရသည်။
ရန်ငြိမ်း