တကူတိုက်နယ်ဆေးရုံ၌ ဆေးရုံမှ ဆင်းခွင့်ရသူ(၄)ဦး၊ ကုသဆဲ (၁၂၂)ဦးရှိ
Sep 18,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံ ဖျားနာဆေးခန်းသို့ ဖျားခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ အနံ့အရသာပျောက်ခြင်းနှင့် လည်ချောင်းနာခြင်းဖြင့် ပြင်ပမှ လူနာများကို (တနင်္လာ၊ဗုဒ္ဓဟူးနှင့်သောကြာနေ့) များတွင် တာဝန်ခံဆရာဝန် ဒေါက်တာ ဖြိုးမြင့်ကြည်၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT (Test-Kit)ဖြင့် အပတ်စဉ် ဓာတ်ခွဲစစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ကပြင်ပ လူနာ(၃၂)ဦးတို့အား စစ်ဆေးပေးရာ (၈)ဦးတွင် ရောဂါပိုး အတည်ပြုတွေ့ရှိရကြောင်းသိရှိရသည်။