ပင်လုံ စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၁)ရုံးတွင် ယမန်နေ့ နံနက်ပိုင်းမှစ၍ ရပ်ကွက်(၁)အတွင်းနေထိုင် ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ကြေး ပေးအပ်ကြောင်းသိရှိရပါသည်။
ကိုယ်ဝန်ဆောင်မိခင်(၂၆)ဉီးနှင့် (၂)နှစ်အောက်ကလေး (၁၃)ဉီး စုစုပေါင်း (၃၉)ဉီးတို့အား (၁)ဉီးလျှင် ငွေကျပ် (၄၅၀၀၀) လေးသောင်းငါးထောင်ကျပ်တိတိအား ၎င်းတို့လက်ဝယ်အရောက် ရပ်ကွက်(၁)ရုံးမှ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ပြီး အဆိုပါထောက်ပံ့ငွေများကို လွိုင်လင်မြို့နယ် လူမှုဝန်ထမ်းဉီးစီး ဌာနမှ ထောက်ပံ့ကြောင်းသိရှိ ရသည်။
ပင်လုံ (ပြန်/ဆက်)