တနင်္သာရီ စက်တင်ဘာလ ၁၈
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံ ဖျားနာဆေးခန်းသို့ ဖျားခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ အနံ့အရသာပျောက်ခြင်းနှင့် လည်ချောင်းနာခြင်းဖြင့် ပြင်ပမှ လူနာများကို (တနင်္လာ၊ဗုဒ္ဓဟူးနှင့်သောကြာနေ့) များတွင် တာဝန်ခံဆရာဝန် ဒေါက်တာ ဖြိုးမြင့်ကြည်၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT (Test-Kit)ဖြင့် အပတ်စဉ် ဓာတ်ခွဲစစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ကပြင်ပ လူနာ(၃၂)ဦးတို့အား စစ်ဆေးပေးရာ (၈)ဦးတွင် ရောဂါပိုး အတည်ပြုတွေ့ရှိရကြောင်းသိရှိရသည်။
အဆိုပါ ပိုးတွေ့လူနာသစ်များအား ဇီဝိတသံဃာ့ဆေးရုံ Positive Centre ၊ အလက (ခွဲ) သံတိုက်ကျောင်း Positive Cemtre အတွင်း ကျန်းမာရေးစောင့်ကြပ်ပေးလျက် လိုအပ်သည့် ဆေးဝါး ကုသပေးလျက်ရှိကြောင်းနှင့် ၎င်းပိုးတွေ့လူနာများနှင့်ထိစပ်သော မိသားစုဝင်များ ကိုလည်း ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုမှ ထိန်းချုပ်နိုင်ရန်အတွက် နေအိမ်များကို Lock Down ချထားပြီး (၁၄)ရက်အကြာ အသွားအလာ ကန့်သတ်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကိုဗစ်ရောဂါဖြင့် Positive Cemtre များတွင် ဆေးဝါးကုသမှုခံယူနေစဉ် ကျန်းမာရေးပြန်လည် သက်သာကောင်းမွန်လာသူ(၄)ဦးအား ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီး မိမိတို့၏ နေအိမ်တွင်(၇)ရက်တိတိ Home Quarntine (၇)ရက်တိတိ ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ သီးခြားနေထိုင်ကြရန် သတိပေး မှာကြားပေးကြောင်း သိရှိရသည်။
သို့ဖြစ်၍ တကူတိုက်နယ်ဆေးရုံ သီးသန့်လူနာဆောင်၊ သံဃာ့ဆေးရုံ Positive Centre၊ အလက(ခွဲ) သံတိုက်ကျောင်း Positive Centreနှင့် အထက(ခွဲ)သာရဘွင်ရွာ Positive Centre တို့တွင် ယမန်နေ့ ညနေအထိ ကုသမှုခံယူနေဆဲ ကိုဗစ်-၁၉ လူနာဦးရေမှာ (၁၂၂)ဦးအထိ ရှိနေကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း