သတင်းများ

ဟိုပုံးမြို့နယ်တွင် အသက် ၅၉ နှစ်နှင့် အသက် ၆၄ နှစ်ရှိ မိဘပြည်သူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးမည်
Sep 18,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို ဉီးစားပေးအုပ်စုအလိုက်ထိုးနှံပေးလျက်ရှိရာ အသက် ၅၅ နှစ်နှင့် အသက် ၆၄ နှစ်ရှိ မိဘပြည်သူများကို စက်တင်ဘာ ၁၉ ရက်နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့ထိ ပထမအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငရုတ်ကောင်းမြို့တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအသိပညာပေးနှိုးဆော်
Sep 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင်ကိုဗစ်-၁၉ရောဂါပြန့်ပွားမှု မရှိစေရေးအသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၈နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ရပ်ကွက်(၁)နှင့် ရပ်ကွက်(၂) အတွင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကျင်းပ
Sep 18,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်း ၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရ သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် လူဦးရေစာရင်းများ တိကျမှန်ကန်စေရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
Sep 18,2021
မွန်ပြည်နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်    အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊   မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၀ နာရီက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး  အောင်ဆန်းခန်းမ၌  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့်  မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း  အစည်းအဝေး တက်ရောက်သည်။
ဟိုပုံးမြို့မဈေးအား ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေး ယာယီဆက်လက်ပိတ်ထားမည်
Sep 18,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်ရေးအတွက် မြို့မဈေးအား စက်တင်ဘာ (၁၆)ရက်နေ့မှ စက်တင်ဘာ (၃၀)ရက်နေ့အထိ ယာယီ ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
လပွတ္တာမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophram) လပွတ္တာမြို့နယ် ပြည်သူ့ဆေးရုံအဟောင်း အစည်းအဝေး ခန်းမတွင် ပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အလုံမြို့နယ်တွင် အခြေခံစား​သောက်ကုန်များကို စျေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ
Sep 18,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးနှင့် စျေးနှုန်းချိုသာစွာဖြင့် အသားများ ဝယ်ယူစားသုံးနိုင်​ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ လက်အောက်ရှိ တိရစ္ဆာန်ဆေးကုရေးနှင့် အသားထုတ်လုပ်မှု စီမံခန့်ခွဲရေးဌာနမှ ဦးဆောင်သော အဖွဲ့သည် မော်တော်ယာဉ်(၃)စီးဖြင့် ယ​မန်နေ့ နံနက်(၇)နာရီအချိန်က မြို့နယ်ခန်းမ​ရှေ့တွင် အခြေခံစားသောက် ကုန်များကိုစျေးနှုန်း သက်သာစွာ ရောင်းချ​ပေးလျက်ရှိကြောင်း သိရသည်၊၊
မင်းဘူး(စကု)မြို့နယ်တွင် ခဝဲပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ
Sep 18,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ တောင်သူများသည် မိုးသီးနှံအဖြစ် မိုးစပါးများ စိုက်ပျိုးထားသည့်အပြင် ဟင်းသီးဟင်းရွက် သီးနှံဖြစ်သည့် ခဝဲပင်များပါ စိုက်ပျိုးထားသည့်အတွက် မိသားစု ဝင်ငွေ ရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ကျောက်တန်းကျေးရွာ ခဝဲစိုက်တောင်သူများ ထံမှသိရသည်။