ခိုလမ် စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ ခုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ခိုလမ်မြို့-အမှတ် (၁)ရပ်ကွက် မှအသက်(၇၀)နှစ်၊ အသက်(၅၁)နှစ်၊ အသက်(၅၀)နှစ်၊ အသက် (၁၈) နှစ်အမျိုးသမီး(၄) ဦး၊ အမှတ်(၃) ရပ်ကွက်မှ အသက် (၅၀)နှစ်အမျိုးသမီး (၁) ဦး နှင့် ကာလိမြို့- အမှတ် (၃) ရပ်ကွက်မှ အသက်(၄၄) နှစ်အရွယ် အမျိုးသမီး(၁)ဦး စုစုပေါင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာ(၆)ဦးအား ကျန်းမာရေးကောင်းမွန်လာသဖြင့် ယနေ့နံနက်(၁၀)နာရီ အချိန်တွင် ဆေးရုံမှ ဆင်းခွင့် ပြုခဲ့သည်။
ဆက်လက်၍ ခိုလမ်မြို့အမှတ် (၁) ရပ်ကွက်နှင့် (၃) ရပ်ကွက်မှ ဆေးရုံဆင်းခွင့်ရသူ(၅) ဦးအားဖြူစင် မေတ္တာလူမှုကူညီရေးအသင်းမှ နေအိမ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး၊ ကာလိမြို့မှ ဆေးရုံဆင်းခွင့် ရသူကိုလည်း မိသားစုဝင်တို့မှ မိမိအစီအစဉ်ဖြင့် လာရောက်ခေါ်ဆောင်မည်ဖြစ်ပြီး ခုတင်(၁၀၀) ပြည်သူ့ ဆေးရုံအုပ်ကြီးမှ ဆေးရုံဆင်းခွင့် ရသူများအား Home Quarantine (၁၀) ရက်ထပ်မံ နေထိုင်သွားရန် မှာကြားခဲ့ကြောင်းကို မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံမှ သိရသည်။
ခင်လေးဝင်း(ခိုလမ်)