Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျေးလက်ဒေသ အသေးစား စက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု
Sep 18,2021
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကဝမြို့နယ်အတွင်း ကျေးလက်ဒေသ အသေးစား စက်မှုလက်မှု လုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး သွားရောက် ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ကျန်းမာရေး ပြန်လည်ကောင်းမွန်သဖြင့် နေရပ်သို့ ပြန်ခွင့်ရသူ (၃၁၅) ဦးထိရှိလာ
Sep 18,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ဆေးကုသမှုခံယူနေသူ ကိုဗစ်-၁၉ ရော ဂါ အတည်ပြုလူနာ(၇၀)ဦးအနက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ(၈) ဦးအား ယနေ့တွင် နေရပ်သို့ ပြန်လည်စေလွှတ်ခဲ့သဖြင့် ယနေ့အထိ ကျန်းမာရေးပြန်လည်ကောင်းမွန်သဖြင့် နေရပ်သို့ ပြန်ခွင့်ရသူ (၃၁၅) ဦးအထိရှိလာပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဉီးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယမြောက် ပထမအကြိမ်ထိုးနှံပေး
Sep 18,2021
မန္တလေးတိုင်းဒေကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ရှိ ဒေသခံပြည်သူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယမြောက် ပထမအကြိမ် ထိုးနှံခြင်းကို ယမန်နေ့ နံနက်(၉) နာရီက အမှတ်(၁)ရပ်ကွက်ရှိ သီရိဇေယျာခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့၌ အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းဆောင်ရွက်
Sep 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့်ရောဂါကြောင့် သေဆုံးမှုကိုလျှော့ချစေရန်နှင့်ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်မှစ၍ ရှမ်းရွာသစ်မြိို့တိုက်နယ်ဆေးရုံတွင် အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများတို့အားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တကောင်းမြို့ပေါ် ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအရောက် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဆက်လက်စစ်ဆေးပေး
Sep 18,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီမှ မြို့ပေါ်ရပ်ကွက် များရှိ ဘုန်းတော်ကြီးကျောင်း များနှင့် သီလရှင်ကျောင်းများ အရောက် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ (RDT Test Kit) များဖြင့် စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်(၁၂)နာရီက ဆေးစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပလီမြို့၌ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအား (ပထမအကြိမ်) ဒုတိယနေ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 18,2021
ငပလီမြို့တွင် အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်းရှိသူနှင့် ဦးစာပေးအဆင့်အလိုက် ဒုတိယအသုတ် ဒုတိယနေ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်အမက(မူလွန်) ကျောင်းတွင် စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းအချိန်မှစ၍ မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်၌ မိုးရွာသွန်းမှုများခြင်းကြောင့် အားကစားကွင်းမြေထိန်းနံရံ ပေ ၂၄၀ ခန့်ပြိုကျ
Sep 18,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမှတ်(၅) ရပ်ကွက်ရှိ ညောင်ဦးခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားကွင်း မြောက်ဘက်ရိုးရိုးတန်း ပွဲကြည့်စင်အနောက်ဘက်မှ အနောက်မြောက်ဘက်တလျှောက် မြေထိန်းနံရံ ပြိုကျခဲ့ကြောင်း၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများကို ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 18,2021
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေး သူများကို စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းကစတင်ပြီး ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24015
Page
24016
Page
24017
Page
24018
Current page
24019
Page
24020
Page
24021
Page
24022
Page
24023
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department