ကသာ စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် မြို့နယ်အဆင့်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အဆိုပါအစည်းအဝေးတွင် ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းမှ အဖွင့်အမှာစကားပြောကြားရာ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ရန်၊ သန့်ရှင်းသာယာလှပရေးအတွက် မိမိတို့၏ ရုံးနှင့် ဝန်ထမ်း အိမ်ရာများကို သန့်ရှင်းရေးဆောင်ရွက်ကြရန်နှင့် ကသာမြို့နယ်အတွင်း ပန်းခင်းစီမံချက် လုပ်ငန်းကို ဆောင်ရွက်နေပြီဖြစ်သည့်အတွက် မှတ်ပုံတင်မရှိသေးသည့် သူများအနေဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးနှင့် ချိတ်ဆက် ဆောင်ရွက် ကြရန် စသည်တို့ကို ပြောကြားခဲ့သည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်လာသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက် အခြေအနေများကို အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)